မုံရွာမှာ ဆန္ဒပြပြည်သူ ၆ ဦး ပွဲချင်းပြီး သေဆုံး

2021.03.03
မုံရွာမှာ ဆန္ဒပြပြည်သူ ၆ ဦး ပွဲချင်းပြီး သေဆုံး စစ်ကိုင်းတိုင်း မုံရွာမြို့
Graphic- Thike
မတ်လ ၃ ရက်နေ့ ဒီကနေ့ ဆန္ဒပြပွဲအတွင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း မုံရွာမြို့မှာ လူ ၆ ဦးသေဆုံးသွားပါတယ်။
သေဆုံးတဲ့သူတွေဟာ အသက် (၂၅) နှစ် မကျော့နန္ဒအောင်၊ ကိုဖိုးသဲ၊ ကိုဇော်သိန်းအောင်၊ အသက် (၃၆) နှစ် ကျောင်းဆရာမ ဒေါ်မြင့်မြင့်ဇင်၊ အသက် (၂၃) နှစ် ကျူရှင်ဆရာ ကိုမိုးအောင်နဲ့ အသက် ၄၅ နှစ်အရွယ် အမည်မသိသေးတဲ့ အမျိုးသားတစ်ဦးတို့ဖြစ်တယ်လို့ ဒေသအခြေစိုက် မုံရွာဂေဇက်သတင်းဌာနက RFA ကို အတည်ပြုပြောပါတယ်။
သေဆုံးသွားသူ အားလုံးဟာ ဦးခေါင်းနဲ့ ဝမ်းဗိုက်တွေမှာ ကျည်ဆံထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတာပါ။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ မြေပေါ်တရွတ်တိုက်ဆွဲသွားတဲ့သူ နှစ်ဦးလည်း သေဆုံးနေပြီလို့ ယူဆရပေမယ့် သူတို့ကို စစ်တပ်နဲ့ ရဲတွေက ခေါ်သွားတာကြောင့် သေချာမသိရသေးပါဘူး။
ဒီကနေ့ မုံရွာက ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတွေက အကြမ်းဖက် နှိမ်နင်းခဲ့တာကြောင့် ဒဏ်ရာပြင်းထန်တဲ့သူတွေ ဖမ်းဆီးခံရတဲ့သူတွေ အမြောက်အမြားရှိပေမယ့် အချက်အလက် အတိအကျတော့ မရသေးပါဘူး။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။