အခမ်းနားကို ဘာသာပေါင်းစုံက ဘာသာရေး ခေါင်းဆောင်တွေ၊ နိုင်ငံတကာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့က တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး သူရ ဦးမြင့်မောင်နဲ့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာ သံရုံးတွေက တာဝန်ရှိ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်နဲ့ အစ္စလာမ်နိုင်ငံများ အဖွဲ့ချုပ် (OIC) တို့မှ လည်း ဆုတောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ဆုတောင်းပွဲ အခမ်းနားကို မနက် ၉ နာရီခွဲကနေ နေ့လည် ၁ နာရီအထိ ကျင်းပခဲ့တယ်လို့ သိရပြီး ဘာသာပေါင်းစုံ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတဲ့ မြန်မာနိုင်ငံမှာ အယူဝါဒ ကွဲပြားခြားနားတဲ့ ဘာသာဝင်တွေ အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်နိုင်ဖို့ အဓိကရည်ရွယ် ကျင်းပရခြင်း ဖြစ်တယ်လို့ သိရပါတယ်။