မြန်မာ-အမေရိကန် လူ့အခွင့်အရေးဆွေးနွေးပွဲ ကျင်းပမည်


2015.01.09

မြန်မာ-အမေရိကန် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို အခုဇန်နဝါရီလ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့ အထိ နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိကြီးတွေ တက်ရောက်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန်လာဖို့အတွက် အထောက်အကူပြုနိုင် အောင် ဒီဆွေးနွေးပွဲကို လုပ်ဆောင်တာဖြစ်ပြီး တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ ဘာသာရေးတင်းမာမှုနဲ့ ပဋိပက္ခ၊ လူနည်းစုတွေကို ကာကွယ်ပေးရေး၊ ရခိုင်ပြည်နယ်အခြေအနေ၊ ဒီမိုကရေစီနဲ့ တပ်မတော်ပြုပြင်ပြောင်း လဲရေး စတဲ့ကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို အမေရိကန်ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး တွမ်မာနောစကီး၊ လူဦးရေ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေစိုက်ခြင်းဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး အန်းရစ်ချက်၊ ပစိဖိတ်စစ်ဌာနချုပ် ဒုတိယဌာနချုပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီ ချက်ဖီးလ်၊ ဒုတိယလက်ထောက်ကာကွယ်ရေးဝန်ကြီး သောမတ်စ် ဟာဗေးစတဲ့ အရာရှိကြီးတွေ တက်ရောက်မယ်လို့ သိရပါတယ်။

အခုဆွေးနွေးပွဲဟာ ဒုတိယမြောက်ဖြစ်ပြီး၊ ပထမအကြိမ်ဆွေးနွေးပွဲကို ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ က ပြုလုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။