ဗိုလ်ချုပ်မှူးကြီး ပြောစကား စိုးရိမ်မှုပွား

မြန်မာနိုင်ငံကိုပြန်လာမယ့် ရိုဟင်ဂျာတွေအနေနဲ့ သတ်မှတ်ထားတဲ့ ဒေသတွေမှာ စနစ်တကျ နေထိုင်သွားမယ်ဆိုရင် သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာမရှိဘူးလို့ မြန်မာ့တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်ကြောင့် ဒုက္ခသည်တွေကို အခြေချဖို့နေရာသတ်မှတ်ပြီး အကန့်အသတ်မရှိ ထားရှိမှာကို စိုးရိမ်နေကြ တယ်လို့ ရိုက်တာ သတင်းတရပ်မှာဖေါ်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဧပြီလ ၃ဝ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ကိုယ်စားလှယ်တွေနဲ့ တွေဆုံစဉ်မှာ ဒုက္ခသည်များပြန်လာတဲ့အခါ သူတို့လုံခြုံရေးအတွက် တပ်မတော်အနေနဲ့ ဘယ်လို့ဆောင်ရွက်ပေးဖို့ စီစဉ်ထားပါသလဲလု့ိ ပီရူးနိုင်ငံ ကိုယ်စားလှယ်က မေးမြန်းချက်နဲ့ပတ်သက်ပြီး အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

အဲဒီ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook စာမျက်နှာမှာ စနေနေ့က တင်ထား တာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒုက္ခသည်တွေကို ဘင်္ဂလီတွေလို့ သုံးနှုန်းပြောဆိုခဲ့သလို ဒုက္ခသည်တွေပြောဆိုတဲ့ သတ်ဖြတ်မှုများ မီးရှို့မှုများ အဓမ္မကျင့်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲမှုတွေအပေါ်မှာလည်း သံသယရှိတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဘင်္ဂါလီတွေအနေနဲ့ ထွက်ပြေးချိန်မှာ ပျော်ပျော်ရွှင်ရွှင် ထွက်ပြေးသွားပါတယ်လို့ ပြောဆိုမှာ မဟုတ်ပါဘူး။ ကြမ်းကြမ်းတမ်းတမ်း နှိပ်စက်ခံရပါတယ်လို့ ချဲ့ကားပြောမှ စာနာမှုများရရှိမှာဖြစ်တယ်လို့လည်း ပြောပါတယ်။