ကိုးကန့်ဒေသမှာ မြန်မာစစ်တပ် အကျအဆုံးများ

2015-03-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လောက်ကိုင်မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်က ကင်းလှည့်နေတဲ့ မြန်မာစစ်သားတချို့ကို တွေ့ရစဉ်
လောက်ကိုင်မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်က ကင်းလှည့်နေတဲ့ မြန်မာစစ်သားတချို့ကို တွေ့ရစဉ်
Photo: AFP

မြန်မာနိုင်ငံမြောက်ပိုင်းက ကိုးကန့်ပြဿနာ နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေ သီးခြားအစီအစဉ်နဲ့ ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ (၇) ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲ တတိယနေ့ဖြစ်တဲ့ မနေ့က သဘောတူခဲ့ကြတာပါ။

ဆွေးနွေးပွဲ အဓိကအစီအစဉ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူမူကြမ်းက ထိပ်ဆုံးကို ရောက်နေတာကြောင့် တစ်ကြောင်း၊ ဆွေးနွေးပွဲမှာ နိုင်ငံတကာ သံတမန်တွေ ပါဝင်နေတာကတစ်ကြောင်းတို့ကြောင့် ကိုးကန့်ပြဿနာကို သီးခြားအစီအစဉ်နဲ့ ဆွေးနွေးဖို့အဆိုကို အစိုးရ ရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC က သဘောတူခဲ့ တာ ဖြစ်တယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ဆွေးနွေးပွဲ ပထမဆုံးနေ့က ကိုးကန့်ပြဿနာ နဲ့ ကချင်အရေး ဆွေးနွေးခဲ့ကြပေမဲ့၊ အသေးစိတ်မသိရပါဘူး။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကတော့ MNDAA ကိုးကန့်တပ်ဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီ ခေါ်ယူဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

ဒီအတွင်း လောက်ကိုင်မြို့အနီးမှာ အစိုးရစစ်တပ်နဲ့ ကိုးကန့်အဖွဲ့တို့ ဗုဒ္ဓဟူးနေ့က တိုက်ပွဲအပြင်းအထန် ဖြစ်ပွား ခဲ့ရာမှာ အစိုးရတပ်ဖက်က လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့ပြီး၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့  ကိုးကန့်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း က ပြောပါတယ်။

"မနေ့ကဖြစ်တာက ခုတ်ထန်မှာ မနက်ကနေ ညနေအထိ၊ တိုက်လေယာဉ်က လေးစင်း၊ နှစ်စင်း တစ်ကြိမ်ပေါ့နော်၊ ရဟတ်ယာဉ်ကနှစ်စီး၊ လောလောဆယ်ကြားတာကတော့ သူတို့လေယာဉ်နဲ့ ဗုံးကြဲတဲ့နေရာမှာ ရွာထဲက အဆောက်အဦးတွေ ပျက်စီးသွားတယ်ပြောတယ်၊ ပြည်သူလူထု အသက်ဆုံးရှုံးမှုရှိလားတော့ ကျနော်လည်းမပြောတတ်သေးဘူး၊ ခုရက်ပိုင်းကတော့ တော်တော်လေးပြင်းထန်ပါတယ်"

ဒီအတောအတွင်းမှာပဲ တရုတ်ပိုင်နက်ထဲကို မြန်မာအစိုးရလေတပ်က ဗုံးတစ်လုံးကျရောက်ခဲ့လို့ သေဆုံးသွားတဲ့ တရုတ်နိုင်ငံသားတွေအတွက် တစ်ဦးကို အမေရိကန်ဒေါ်လာ ၁ သောင်း ၁ ထောင်ကျော် လျော်ကြေးပေးဖို့ ကမ်းလှမ်းခဲ့တယ်ဆိုတာ မဟုတ်မမှန်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ လောက်ကိုင်အနီးမှာ မနေ့က မနက်ပိုင်းအထိ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ အခုထိ နှစ်ဖက်အကျအဆုံး တစ်ရာကျော်ရှိနေပြီး၊ အများစုဟာ အစိုးရတပ်ဘက်ကဖြစ်တယ် လို့ ဒေသခံတွေကပြောပါတယ်။

ကွန်မင့်များ (5)
Share

Lew Law

နေရပ်- ျမန္မာ

မြန်မာတပ်မ တော်ကအကျအဆုံများတာ
မြေအ နေထားကြောင့်လို့ထင် တယ်။ ခင်ဗျားရဲရပ်ကွက်ကိုကျုပ်
လာရင် ဒီရပ်ကွက်အကြောင်းကျုပ်
မသိဘူးနောက်ပြီးနယ်ခံ
နဲလည်းဆိုင်တယ်။စစ်တိုက်
ရင်တော့ အကျအဆုံဆိုတာရှီမှာပါ
မဟုတ်သတင်းလွှင့် တဲ့သူတွေကို
ပြောခြင်တယ်။ကိုယ့်ရဲစကားသည်
တစ်ဖက်သတ်ကြီမ ပြောပါနဲ
ပွဲပြီးတဲ အထိဆောင် ရ အောင်
ကျွှန်တို့နိုင် ငံဘေးကိုကြည်ပါ
ရန်သူများနေပြီစစ်သားတွေးရှိတာ
တောင် ဒီလိုသွေးထိုစမ်းနေတယ်
အ ကောင်းဘက်ကကြည်ပါ
သူတိုကတကယ်တိုက်နေရတာ ကိုယ်ခြင်းစာပါ


Apr 27, 2015 01:41 PM

စစ္မိုက္တီး

နေရပ်- လား႐ိူး

ဒို့တပ်မတော်သားအောက်ချေကကောင်တွေအတွက်တော့ခံဘက်ကကြီးပါပဲကွာ အလကားနေရင်းပြည်သူကလည်းမုန်း သေစရာရှိရင်လည်းသွားသေရ ဒါပေမဲ့ကွာဒါကဒို့ဝတ်ကျွေးပဲ ဆက်တိုက်မယ် ဒို့တာဝန်ပဲ ဒို့အောက်ချေတပ်မတော်သားတွေ တစ်နေ့တော့အဆင်ပြေလာမှာပါ ၂၇-၃-၂၀၁၅. ၁၁း၄၀PM

Mar 27, 2015 01:11 AM

ကျန်​စစ်​ငါး

သတင်းတွေဖတ်လိုက်ရင်ဘိန်းသူပုန်အားပေး သတင်းတွေကြီးပဲ ပိုက်ဆံဘယ်လောက်ရထားလည်းမသိဖူး

Mar 23, 2015 11:11 AM

ငရဲမသွားတဲ့ ရဲဘော်

မြန်မာဘက်က ၁၀၀ လောက်ကျတာများ .. တပ်မတော်ကြီး တခုလုံး ပြုတ်သွားပါစေ။ “လှေခွက်ချည်းကျန် အလံမလှဲဘူး”ဟေ့။

Mar 21, 2015 07:16 PM

လယ်ပြင်

နေရပ်- ဆင္သြား

အနှစ် ၅၀ လောက် စစ်ရည်စစ်သွေး မမြှင့်ပဲ ”လက်နက်ကိုင် အနိုင်ကျင့်” ၊ “မတရားကျင့်” ၊ “လက်နက်မဲ့ကို သတ်ဖြတ်”နေတော့ စစ်ရည်စစ်သွေးမှာ ကမ္ဘာ့ အဆင့်(၁)ရှိတဲ့ မြန်မာ့တပ်မတော်ဟာ သံချပ်ကာတပ်အကူ ၊ လေတပ်အကူနဲ့တောင် အကျအဆုံးများရတယ်ဆိုတော့ “အင်း.. ကံဆိုးတယ်ပဲ ဆိုကြပါစို့”။

Mar 20, 2015 03:39 PM

နှမြောစရာ

အေးဗျာ ။ တချိန်က ကမ္ဘာ့ Top Ten ထဲမှာ စာရင်းဝင်နေတဲ့ မြန်မာ့တပ်မတော်ကြီးဟာ ဘယ်လိုများ ဖြစ်သွားပါလိမ့်။

Mar 21, 2015 05:46 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့