မြန်မာနိုင်ငံအပြောင်းအလဲကို အမေရိကန် သုတေသီတွေ သုံးသပ်

0:00 / 0:00

မြန်မာ့ပြုပြင်ပြောင်းလဲရေးကို သုံးသပ်ခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲတရပ်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်က Johns Hopkins တက္ကသိုလ် လက်အောက်ခံ Brookings Institute မှာ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ က ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံကိုယ်စားလှယ်ဟောင်း Priscilla Clapp- Brookings Institute က ဧည့်ပါမောက္ခ Lex Rieffel အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Anoop Singh နဲ့ အမေရိကန်-အာဆီယံ စီးပွါးရေးကောင်စီ ဥက္ကဌ Frances Zwenig တို့က ဦးဆောင်ဆွေးနွေးခဲ့တာပါ။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ IMF ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Anoop Singh ကတော့ စိုက်ပျိုးရေးအခြေခံတဲ့နိုင်ငံဖြစ်လို့ စိုက်ပျိုးရေးကဏ္ဍမှာ တိုးမြှင့်သုံးစွဲဖို့လိုသလို၊ ဗဟိုဘဏ်ရဲ့မူဝါဒ ပြောင်းလဲရမယ်လို့ ဆွေးနွေးပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။