မလေးရှားမှာ နောက်ထပ် မြန်မာ အလုပ်သမားတစ်ဦး သတ်ဖြတ်ခံရ

2016-04-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မလေးရှားနိုင်ငံ ဂျိုဟောပြည်နယ် တာမန်ဂျာယာရပ်ကွက်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသား တစ်ဦး မနေ့ညက သတ်ဖြတ်ခံလိုက်ရတယ်လို့ ရဲတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူဟာ စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ကိုင်နေသူ အသက် ၂၄ နှစ်အရွယ် ကိုရဲနိုင်ထွန်း ဆိုသူဖြစ်ပြီး၊ သတ်ဖြတ်ရာမှာ အသုံးပြုဖွယ်ရှိတဲ့ ၁၆ စင်တီမီတာ အရှည် သွေးပေကျံနေတဲ့ ဓါးတစ်လက် ကို သေဆုံးသူရဲ့ အခန်းအပြင် ဘက်မှာ တွေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီသတ်ဖြတ်မှုနဲ့ပတ်သက်လို့ သံသယရှိသူ ၄ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း မလေးရှားရဲတွေက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစလို့ မြန်မာနိုင်ငံသားတွေ မကြာခဏ သတ်ဖြတ်ခံနေရတာ ဖြစ် ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့