သတင်းသမားများကို ကာကွယ်ပေးမယ့် မီဒီယာရှေ့နေကွန်ရက် ဖွဲ့မည်

2014-07-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
'မီဒီယာဖိနှိပ်မှု ရပ်' စာတန်းပါ တီရှပ်အင်္ကျီတွေဝတ်ဆင်ပြီး ဇူလိုင်လ ၁၂ ရက်နေ့က သမ္မတ ဦးသိန်းစိန်ကို သတင်း မီဒီယာသမားတွေ ဆန္ဒပြစဉ်
'မီဒီယာဖိနှိပ်မှု ရပ်' စာတန်းပါ တီရှပ်အင်္ကျီတွေဝတ်ဆင်ပြီး ဇူလိုင်လ ၁၂ ရက်နေ့က သမ္မတ ဦးသိန်းစိန်ကို သတင်း မီဒီယာသမားတွေ ဆန္ဒပြစဉ်
Photo: Kyaw Zaw Win/ RFA

သတင်းသမားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်ကို ဥပဒေကြောင်းအရ  အကာအကွယ်ပေး မယ့် မြန်မာမီဒီယာ ရှေ့နေကွန်ရက်ကို ဖွဲ့စည်းနိုင်ဖို့်  ကွန်ရက်ဖြစ်မြောက်ရေးကော်မတီကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။

တရားစွဲခံထားရတဲ့ မီဒီယာသမားတွေအတွက် အကျိုးဆောင်ပေးနေတဲ့ ရှေ့နေတွေစုပြီး ရန်ကုန်မြို့ Central ဟိုတယ်မှာ ဒီနေ့ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ဆွေးနွေးပွဲတက်ရောက် ခဲ့တဲ့ မဇျွိမသတင်းဌာနက မသင်းသင်းအောင် က ပြောပါတယ်။

"မီဒီယာသမားတွေအတွက်ကို လိုက်ပေးနေ တဲ့ ရှေ့နေတွေကို ဖိတ်ပြီးတော့မှ မီဒီယာတွေကို ဘယ်လိုမျိုး ဥပဒေကြောင်းအရပေါ့နော် အကာအကွယ်ပေးနိုင်မလဲ၊ အဓိကကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီးတော့ အကာအကွယ်ပေးဖို့ အတွက် ရှေ့နေကွန်ရက်တစ်ခုပေါ့ ပေါ်ပေါက်လာရေးအတွက် လုပ်တာဖြစ်တယ်၊ ဒီနေ့ကတော့ မြန်မာ မီဒီယာရှေ့နေကွန်ရက် ဖွဲ့မည်လို့ ဆုံးဖြတ်လိုက်တယ်"

ကွန်ရက်ဖြစ်မြောက်ရေးကော်မတီကို ရှေ့နေငါးဦးနဲ့  ဖွဲ့စည်းလိုက်ပြီး အဲ့ဒီကော်မတီက ကွန်ရက်ရဲ့ ဖွဲ့စည်းပုံကို ရေးဆွဲရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ အလုပ်ရုံဆွေးနွေးပွဲမှာ ကနေဒါနိုင်ငံအခြေစိုက် Center for Law and Democracy (CLD)နဲ့ ဒိန်းမတ်အခြေစိုက် International Media Support (IMS) အဖွဲ့တို့လည်း ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ပါတယ်။

ကွန်မင့်များ (2)
Share

(

ဥပဒေက.....မလိုတစ်မျိုး၊ လိုတစ်မျိုး
“ဆေးခြောက် တကျပ်သားက ထောင်ခြောက်နှစ် ကျသွားနိုင်ပေမယ့် တသက်လုံး ဘိန်းချလာတဲ့ကောင်တွေက သမ္မတ နဲ့ ညစာ စားချင် စားရနိုင်တယ် ” ။
“ကွန်ဒုံးတခု လက်ထဲတွေ့ရင် ပြည့်တန်ဆာမှုနဲ့ ထောင်ကျနိုင်ပေမယ့် နေပြည်တော်အထိ ဇိမ်ခန်း တက

Jul 20, 2014 04:51 AM

အမည်မဖော်လိုသူ

မီဒီယာနဲ့ ရန်သူလုပ်သူတွေ မြောင်းထဲရောက်ရသူတွေချည်းပါပဲ
http://www.mizzimaburmese.com/component/k2/item/24292-2014-07-15-03-58-28

Jul 15, 2014 01:21 AM

ဆိုက်တခုလုံးသို့