မြန်မာနှစ်သစ်ကူး ဆုတောင်း

2014-04-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပိတောက်ပန်းပုံ
ပိတောက်ပန်းပုံ
Photo: RFA

မြန်မာနှစ်သစ်ကူးမှာ အားလုံးပဲ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ RFA မြန်မာပိုင်း အစီအစဉ် အဖွဲ့သူအဖွဲ့သားများရဲ့ကိုယ်စား ကျမ မငြိမ်းရွှေက နှုတ်ခွန်းဆက်လိုက်ပါတယ်။ နှစ် သစ်ကိုကြိုဆိုရင်း ပြီးခဲ့တဲ့တနှစ်တာကာလ ကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါမှာတော့ အားရကျေနပ်မှုတွေနဲ့အတူ ပိုမိုကြိုးစားအားထုတ် ရဦးမယ် ဆိုတာ ကျမတို့ သတိပြုမိပါတယ်။

တကယ်တော့ မှန်ကန်တိကျတဲ့ နောက်ဆုံးရသတင်းတွေကို ပရိသတ်တွေထံ အမြန်ဆုံးတင်ပြနိုင်ဖို့အတွက် ကျမတို့ ဝါရှင်တန် ဒီစီနဲ့ မြန်မာပြည်မှာရှိတဲ့ ဝန်ထမ်းတွေရော၊ တခြားပြည်ပနိုင်ငံတွေက သတင်းထောက်တွေပါ မနားမနေ ကြိုးပမ်းခဲ့ကြရာမှာ စိန်ခေါ်မှုပေါင်းမြောက်များစွာကို ရင်ဆိုင်ခဲ့ကြရပါတယ်။ အဖွဲ့သူအဖွဲ့သားအားလုံးရဲ့ ယုံကြည်မှုတွေ၊ လုံ့လအင်အားတွေ၊ အတတ်ပညာ ကျွမ်းကျင်မှုတွေနဲ့ တညီတညွတ် လက်တွဲပူးပေါင်းမှုတွေကြောင့်သာ ကျမတို့ နောက်ဆုံးမှာ အားလုံးကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်မှာလည်း မြန်မာပြည်ရဲ့ နိုင်ငံရေးရေချိန် တိုးတက်မှုနဲ့အတူ နေ့စဉ်ဖြစ်ပေါ်နေတဲ့ လှုပ်ရှားပြောင်းလဲမှုတွေကို မျက်ခြေမပြတ် နေ့ညမရှောင်ရယူပြီး မှန်တဲ့ မြန်တဲ့ သတင်းဦး သတင်းထူးတွေ တင်ဆက်နိုင်ဖို့အတွက် ကျမတို့အားလုံး ပိုမိုအားထုတ်ကြိုးပမ်းကြမှာဖြစ်ကြောင်း နှစ်သစ်ကူး ကတိစကားပါးလိုပါတယ်ရှင်။

ကျမတို့ရဲ့ ကြိုးပမ်းမှုတွေကို ဒီကနေ့အထိ နှစ်ပေါင်းများစွာ အစဉ်တစိုက် အားပေးထောက်ခံခဲ့ကြတဲ့ ပရိသတ်များကို အထူးကျေးဇူးတင်ပါကြောင်းနဲ့ လိုရာဆန္ဒ အားလုံးရတဲ့ မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။

ကွန်မင့်များ (4)
Share

ရန္ကုန္သား

ယာဉ်ကြော မပိတ်မဆို့ အမြန်ရှင်းပါစေ။
ရေဆိုးမြောင်းများ မပိတ်မဆို့ အမြန်ရှင်းပါစေ။
day Club, Night Club အမြန်ကင်းပါစေ။
၃သိန်းတန်များလည်း အမြန်ကင်းပါစေ။

Apr 17, 2014 11:45 PM

ဆႏၵ ကုိယ္စီ

နယ်လှည့်ပြီး အာဘွားပေးသော ဝန်ကြီးပေါပါစေ။
ပဘာဝတီလို ကိုယ်ရောင်လင်းသော ဝန်ကြီးပေါပါစေ။
နေ့ရောညပါ စတုဒိသာကျွေးသော ဝန်ကြီးပေါပါစေ။
သတ္တိ ဗျတ္တိရှိသော ဝန်ကြီးပေါပါစေ။
ရေဗူဗောင်းပစ်ခိုင်းသော ဝန်ကြီးပေါပါစေ။
မြစ်ချောင်းအင်းအိုင်ကိုချစ်သော ခေါင်းဆောင်များပေါပါစေ။
နှာချေသောဆရာဝန်ကို ခွင့်လွှတ်နိုင်သော အမတ်များပေါပါစေ။
အပစ်ရပ် လက်မှတ်ထိုးပြီး တကယ်ရပ်သောသူများပေါပါစေ။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

Apr 17, 2014 11:37 PM

မင်း နှင့်

နရေပျ- ပြည်သူ

ရွဲ့သောအိုးများ တည့်ကုန်၍ ရွဲ့သောစလောင်းများ ပယ်ရှားပြီး တည့်သောစလောင်းများဖြင့် ဖုံးအုပ်နိုင်သည်လည်း ဖြစ်ပါစေ။

Apr 17, 2014 11:13 PM

သူမဟုတ် ငါမဟုတ်

နရေပျ- အနတ္တနယ်မြေ

မြန်မာပြည်သူပြည်သားများအားလုံး ကာယ စိတ္တ လုံးခြုံဧချမ်းကြ
ပါစေ။ အများကို မေတ္တာထားနိုင်၍ အများ၏မေတ္တာကိုခံယူနိုင် ကြပါစေ။ ကိုယ်ကျိုးမဖက်သော စေတနာဖြင့် အများအကျိုး သည်ပိုးနိုင်ကြပါစေ။ သနားတတ်ကြပါစေ။ အတ္တ ပရ အကျိုးမဲ့ကို မပြုပဲ ကြီးပွားချမ်းသာသူများကို ရွှင်ပြူံးသော
နှလုံးဖြင့် ကြည့်နိုင်ပါစေ။

Apr 17, 2014 03:55 PM

ဆိုက်တခုလုံးသို့