အိန္ဒိယနိုင်ငံသားတွေကို မြန်မာ ဆိုက်ရောက်ဗီဇာပေးပြီ

2018-12-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန် လေဆိပ်ကို တွေ့ရစဉ်
ရန်ကုန် လေဆိပ်ကို တွေ့ရစဉ်
Photo: YE AUNG THU / AFP

အိန္ဒိယနိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာထုတ်ပေးဖို့ မြန်မာနိုင်ငံက ဆုံးဖြတ်လိုက်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေကနေဝင်လာမယ့် အိန္ဒိယနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထား သူတွေအနေနဲ့ လေဆိပ်မှာပဲ အမေရိကန်ဒေါ်လာ ၅ဝ ပေးသွင်းပြီး ဆိုက်ရောက်ဗီဇာ လျှောက်ထားနိုင်မှာဖြစ် ပါတယ်။

ဒီအစီအစဉ်ကြောင့် အိန္ဒိယနိုင်ငံသားတွေအနေနဲ့ မြန်မာသံရုံးမှာ E ဗီဇာ လျှောက်ထားစရာ မလိုတော့တာကြောင့် မြန်မာနိုင်ငံကို အချိန်ရာသီမရွေး အလွယ်တကူ လာရောက်လည်ပတ်နိုင်တော့မှာ ဖြစ်ပါတယ်။

အိန္ဒိယသမ္မတ ရမ်နာ့သ်ကိုဗင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်မှာ အိန္ဒိယနိုင်ငံသားခရီးသည်တွေအတွက် ဆိုက်ရောက်ဗီဇာတွေကို ၂ဝ၁၈ ဒီဇင်ဘာ ၁ ရက်နေ့က စပြီးခွင့်ပြုခဲ့တဲ့အတွက် အိန္ဒိယသမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယ-မြန်မာနယ်စပ်မှာလှုပ်ရှားနေတဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို နှစ်ဖက်လုံးက ခွင့်မပြုဖို့နဲ့ နယ်စပ်တည်ငြိမ်ရေးနဲ့ လုံခြုံရေးထိမ်းသိမ်းဖို့ လိုအပ်တဲ့အကြောင်း ပူးတွဲကြေညာချက်တစ်စောင်ကို သမ္မတ ကိုဗင်ရဲ့ မြန်မာခရီးစဉ်အတွင်းမှာ လက်မှတ်ထိုးထုတ်ပြန် လိုက်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့