မဲဆောက်မှာ မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရတဲ့အပေါ် နှစ်နိုင်ငံညှိနှိုင်းမည်


2018.11.02
myanmar-workers-in-thai-622.jpg ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာလုပ်သား ၃၀၀ ကျော် ဖမ်းဆီးခံထားရတာကို တွေ့ရစဉ်
Photo: Social Action for Children and Women - SAW

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာလုပ်သား ၃၀၀ ကျော် ဖမ်းဆီးခံထားရတဲ့ကိစ္စအပေါ် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက် သွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က RFA ကို ပြောပါတယ်။

နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီကနေ့ ကျင်းပတဲ့ ၂၀၁၈ ခုနှစ်၊ မြန်မာစာရင်းအင်းဖိုရမ် အခမ်းအနားအပြီး RFA က မေးမြန်းမှုကို ဦးမျိုးအောင်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာ ထိုင်းအစိုးရက အမျိုးသားလုံခြုံရေးစီမံချက်နဲ့ ဧည့်စာရင်းဥပဒေသစ်ကို အကြောင်းပြပြီး မြန်မာလုပ်သားတွေ အပါအဝင် နိုင်ငံခြားသားလုပ်သားတွေကို ဖမ်းဆီးနေဖြစ်တယ်လို့ သိရပါတယ်။

မကြာသေးခင်ရက်ပိုင်းက မြန်မာအလုပ်သမား အမျိုးသား ၂၀၁ ဦး၊ အမျိုးသမီး ၁၂၀ ဦးနဲ့ နေထိုင်ခွင့် သက်တမ်းကျော်လွန်သူ ၂ ဦး စုစုပေါင်း ၃၂၃ ဦးဟာ ဖမ်းဆီးခံထားရတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း မြန်မာလုပ်သား ၂၅၀၀ ကျော်ကို  ထိုင်းရဲတွေက ဖမ်းဆီးခဲ့တာရှိသလို မြန်မာသံရုံးက ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေပြန်လည် လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။