မြဝတီ ကျားဖြန့်ဂိုဏ်းမှာ အိန္ဒိယနိုင်ငံသားတချို့ ပိတ်မိနေ

RFA Burmese
2025.02.18
မြဝတီ ကျားဖြန့်ဂိုဏ်းမှာ အိန္ဒိယနိုင်ငံသားတချို့ ပိတ်မိနေ အွန်လိုင်းငွေလိမ်ဂိုဏ်းများရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင်ရှိသည့် အဆောက်အအုံများကို တွေ့ရစဉ်။
Photo: RFA

ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံက ငွေလိမ်လုပ်ငန်း (ကျားဖြန့်ဂိုဏ်း) တွေမှာ ဖမ်းဆီးခံထားရတဲ့ အိန္ဒိယနိုင်ငံသားတချို့က ပြန်ကယ်ထုတ်ပေးဖို့ မိသားစုဝင်တွေကို အရေးပေါ် ဆက်သွယ်အကူအညီ တောင်းလာကြောင်း The Times of India က ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံတောင်ပိုင်း တီလန်ဂနာပြည်နယ်က ၁၅ ဦး အပါအဝင် အိန္ဒိယနိုင်ငံသား ၁၅၀ ခန့် ဖမ်းဆီးခံထားရတာလို့ ဆိုပါတယ်။

ဆက်သွယ်အကြောင်းကြားလာတဲ့ အိန္ဒိယနိုင်ငံသားတချို့ဟာ မိသားစုဝင်တွေကို တည်နေရာနဲ့ ရုပ်သံ message တွေ ပေးပို့ခဲ့ပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားတယ်လို့ ဖော်ပြပါတယ်။

အကူအညီတောင်းခံသူက ပေးပို့တဲ့တည်နေရာဟာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အင်ကြင်းမြိုင် (KK Park) အနီးပတ်ဝန်းကျင်ကဖြစ်ကြောင်း အတည်ပြုထားတယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေဟာ အိန္ဒိယအစိုးရ သက်ဆိုင်ရာ အာဏာပိုင်တွေကို ကယ်ဆယ်ရေးအတွက် အကူအညီ တောင်းခံထားတယ်လို့ ဖော်ပြပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ အွန်လိုင်းလောင်းကစား လုပ်ငန်းတွေမှာ ရောက်ရှိလုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၂၇၃ ဦးကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထပ်မံ စစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။