တရုတ်သြဇာ ပိုလွှမ်းမိုးမှာကို စိုးရိမ်နေကြ
2011.09.17
ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား အထက်ဖက် ၂၅ မိုင်အကွာတွင် တည်ဆောက်နေသည့် မြစ်ဆုံ ရေကာတာ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ ထိုနေရာ အနီးမှာပင် တရုတ်နှင့် အိန္ဒိယသို့ ဖောက်လုပ်မည့် လီဒိုလမ်းအတွက် ဧရာဝတီ မြစ်ကူးတံတား အသစ်တခု တည်ဆောက်မည်။ (RFA Map)
RFA Map
ဒီ တုန့်ပြန်ချက်ဟာ ဧရာဝတီ မြစ်ကြီးနဲ့ ဒီမြစ်ကို မှီတင်းနေထိုင်နေကြတဲ့ ပြည်သူတွေအတွက် စိုးရိမ်စရာ ဖြစ်သလို ဒီမိုကရေစီကို အကောင်အထည် ဖော်နေပါတယ်ဆိုတဲ့ မြန်မာအစိုးရက ပြည်သူတွေရဲ့အသံကို လျစ်လျှူရှုရာ ရောက်တယ်လို့ ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းက ဝေဖန်လိုက်ပါတယ်။
ဒါ့အပြင် မြန်မာအစိုးရကို အကာအကွယ် ပေးလေ့ရှိတဲ့ တရုတ်နိုင်ငံရဲ့ သြဇာ လွှမ်းမိုးမှုတွေဟာ တနေ့တခြား တိုးများလာနေတာကြောင့် တိုင်းပြည်ရဲ့ အနာဂတ်အတွက် အတော်ကို ရင်လေးစရာပါလို့ လူထုစိန်ဝင်းက ထောက်ပြပါတယ်။
သတင်းစာဆရာကြီး လူထုစိန်ဝင်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်ထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









