၅ဝ၅(ခ)နဲ့ ဖမ်းဆီးခံထားရ သူတွေကို လွှတ်ပေးဖို့ တောင်းဆို
2017.06.01
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသားရေး လှုပ်ရှားသူ ၄ ဦးကို လွှတ်ပေး ဖို့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တရားရုံးမှာ သံဃာတော်တချို့နဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၅ဝ လောက်က အဲဒီ ၄ ယောက်ကို ရုံးထုတ်စဉ် ဆန္ဒပြတောင်းဆိုကြပါတယ်။
ဦးဝင်းကိုကိုလတ်၊ ဦးနိုင်ဝင်းထွန်း၊ ဦးသက်မျိုးဦး၊ ဦးနေဝင်းအောင် တို့ကို ၂ဝ၁၆ခုနှစ် ဧပြီလအတွင်း က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာ မရှိကြောင်း ကန့်ကွက်ဆန္ဒပြတဲ့အတွက် ပုဒ်မ ၁၉ နဲ့ ၅ဝ၅ (ခ) နဲ့ လွန်ခဲ့တဲ့ သီတင်းပတ် ၃ ပတ်လောက်က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
ဒီကနေ့ ရုံးချိန်းမှာ သူတို့နဲ့အတူ အမှုတွဲတွေဖြစ်တဲ့ ဆရာတော်ဦးပါမောက္ခနဲ့ မျိုးချစ်ရဟန်းပျိုများ သမဂ္ဂက ဆရာတော် ဦးသုစိတ္တအပါဝင် သံဃာတော် ၃ ပါး တရားရုံးကို မလာရောက်တဲ့အတွက် အမှုကို မစစ်ဆေးဘဲ လာမယ့် ဇွန်လ ၈ ရက်နေ့ကို ချိန်းဆိုလိုက်ပါတယ်။