ရေစကြိုမြို့က Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

2021.09.23
ရေစကြိုမြို့က Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ ၂၀၂၁ စက်တင်ဘာ ၂၃ ရက်နေ့က ဖောက်ခွဲဖျက်ဆီးခံရတဲ့ မကွေးတိုင်း၊ ဇီးတောကျေးရွာနားက စစ်ကောင်စီပိုင် Mytel တာဝါတိုင်ကို တွေ့ရစဥ်
Photo: CJ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာနားက စစ်ကောင်စီပိုင် Mytel တာဝါတိုင်ကို စက်တင်ဘာ ၂၃ ရက် မနေ့ညပိုင်းမှာ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

YPDF အဖွဲ့ရဲ့ ပြောခွင့်ရသူတစ်ဦးကတည်း မနေ့ညပိုင်း ဖောက်ခွဲဖျက်ဆီးခဲ့တာ မှန်ကန်ကြောင်း အတည်ပြု ပါတယ်။

ရေစကြိုမြို့နယ်ထဲက အာဏာသိမ်းစစ်ကောင်စီပိုင် Mytel တာဝါတိုင် ၁၈ ခုအထိ ဖျက်ဆီးပြီးပြီလို့လည်း YPDF က ဆိုပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက် ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၁၀၀ ကျော်လာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။