ပါတီဆိုင်းဘုတ်များ ဖြုတ်ချဖို့ ရပ်ကျေးရုံး ဖိအားပေးခံရ

0:00 / 0:00

စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသ နန်းယွန်းနဲ့ လဟယ်မြို့နယ်အစပ် ဒုံမီးမြို့နယ်အတွင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးရုံး ပါတီဆိုင်းဘုတ်တွေ ကို ဖြုတ်ချဖို့ ပြီးခဲ့တဲ့ မေလကုန်ကစပြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားထား တယ်လို့ သိရပါတယ်။

အန်အယ်လ်ဒီရုံးတွေကို ဖိအားပေးနေတာနဲ့ ပတ်သက်ပြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးလောရုံက အခုလိုပြောပါတယ်။

ဒါ့အပြင် ပါတီရုံးဖွင့်ထားတဲ့ အိမ်ပိုင်ရှင်တွေကိုလည်း ပါတီရုံးဖွင့်တာကို လက်မခံဖို့ ဖိအားပေးတာမျိုးတွေ ရှိတယ်လို့လည်း ဦးလောရုံက ပြောပါတယ်။

အဲ့ဒီဒုံမီးမြို့နယ်မှာ ကျေးရွာပေါင်း ၁၀ ရွာရှိပြီး ကျေးရွာတိုင်းမှာ အန်အယ်လ်ဒီပါတီ ရပ်ကျေးရုံးတွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ဦးလောရုံကို အာအက်ဖ်အေ သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါပြီ။