အဝေးရောက် ညွန့်ပေါင်းအစိုးရ ဆက်ရှိဖို့ မလိုတော့ကြောင်း ဒေါက်တာစိန်ဝင်းပြော

ဒီကနေ့ မြန်မာပြည်တွင်း နိုင်ငံရေးဖြစ်စဉ် တိုးတက်ပြောင်းလဲမှုတွေအရ ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ NCGUB အနေနဲ့ ဆက်လက် ရပ်တည်စရာ မလိုတော့ကြောင်း ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ပြောပါတယ်။

2011-11-20
Share
dr_sein_win_dc_305_z အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတခုတွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း မိန့်ခွန်း ပြောကြားနေစဉ်။
RFA

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာလိုက်တဲ့အတွက် ပြီးခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB ဟာ ဆက်လက် ရပ်တည်စရာ မလိုအပ်တော့ဘူးလို့ ဒေါက်တာစိန်ဝင်းက သူ့အမြင်ကို ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောတာတော့ လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်။ လာမယ့် ရွေးကောက်ပွဲကိုမှ ဝင်ရောက်ယှဉ်ပြိုင်တဲ့နောက်တော့ ၁၉၉ဝ ရွေးကောက်ပွဲရလာဒ်ကို ဆက်ပြီးတော့ ဖြစ်ရမယ်ဆိုတဲ့ ပုံစံမျိုး လုပ်လို့ မရဘူးပေါ့။ ကျနော်တို့ အနေနဲ့ကတော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုရင်တော့၊ တကယ်လည်း စပြီး ယှဉ်ပြိုင်ပြီ ဆိုရင်တော့ အဝေးရောက်ညွန့်ပေါင်းအစိုးရ NCGUB အနေနဲ့ ဆက်လက်ပြီးတော့ တည်ရှိဖို့လိုမယ်လို့ မထင်ဘူး”

ဒါပေမယ့် လုပ်ထုံးလုပ်နည်းအရ ပြည်ပရောက် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ MPU ခေါ် လွှတ်တော်အမတ်များ သမဂ္ဂ ကနေ NCGUB အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်တွေကို ရွေးချယ်ထားတာဖြစ်တဲ့အတွက် MPU အဖွဲ့ကသာ ဆုံးဖြတ်ရမှာ ဖြစ်ကြောင်း ဒေါက်တာစိန်ဝင်းက ပြောပါတယ်။

အဝေးရောက် ညွန့်ပေါင်းအစိုးရ NCGUB အဖွဲ့ကို ပေါက်ခေါင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်ဝင်း ဦးဆောင်ပြီး ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ အမတ်တွေနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဌာနချုပ်ရှိရာ မာနယ်ပလောစခန်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ထောက်ခံမှုနဲ့ ၁၉၉ဝ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Anonymous says:
2011-11-24 22:32

စိန်ဝင်း မင်းရှိလဲမြန်မာနိုင်ငံအတွက်ဘာလုပ်ပေးခဲ့လဲ

Anonymous says:
2011-11-19 21:46

NCGUB နဲ့ MBU က ၉၀ရွေးကောက်ပွဲကို အခြေခံပြီး ပေါ်ပေါက်လာတဲ့အဖွဲ့အစည်းတွေ ဖြစ်တာကြောင့် အခုအချိန်မှာ ၂၀၁၀ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်ပြီ ဖြစ်တဲ့အတွက်ကြောင့် NCGUB နဲ့ MBU ဟာတရားဝင် ဖျက်သိမ်းကြောင်း အများသိအောင် ကြေငြာရမှာဖြစ်ပါတယ်။

Anonymous says:
2011-11-20 11:13

အခုလက်ရှိ ပြည်တွင်းအခြနေက ပြောင်းနေပြီ ဖြစ်တာကြောင့်
ီဦးစိန်ဝင်း ပြောပြတာ သဘာဝကျပါတယ်။ လူယုတ်မာ သန်ရွေလဲ
သေသလို ဖြစ်သွားပါပြိ လုပ်ရတာ အရသာလဲ မရှီတော့ဘူးလေ။

Anonymous says:
2011-11-20 01:14

ရှိနေတုန်းကကောဘာတွေလုပ်လို့လဲ။ အေးအေးဆေးဆေးခေါက်နေပါတော့။

Anonymous says:
2011-11-20 02:26

ဟေ.............. မလိုအပ်ဘူးလို့ ခုမှသိသလား။ MPU, NCUB & NCGUB က ၂၁ နှစ်အတွင်းမှာ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတွေ လိုအပ်လောက်အောင် ဘာတွေများလုပ်ခဲ့ပါသလဲ။

Anonymous says:
2011-11-20 15:52

လွတ်မြောက်၊ အဝေးရောက်နှင့် စင်ပြိုင်တို့ ငတ်ပေါက်တိုးပြီ။ အတွင်းဂွင်ဖက် လှည့်တော့မည်။

Anonymous says:
2011-11-20 13:20

တိုင်းပြည်အတွက် ရဲရဲတင်းတင်းလုပ်ရဲတယ့်အတွက် ဂုဏ်ယူပါတယ်၊ ဆက်ပြီးစုပေါင်းအားနဲ့တိုင်းပြည်တည်ဆောက်ဖို့ ပြည်တွင်းမှာဝိုင်းစဉ်စားအလုပ်လုပ်ပေးပါ။

Anonymous says:
2011-11-22 02:54

Wouldn't let to lost knife before getting of "Phut".

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့