ဒီမိုကရက်တစ်ပါတီ ( မြန်မာပြည်) ပါတီဝင်တွေရဲ့ နေအိမ်တွေကို ထောက်လှမ်းရေးတွေ လာရောက်ပြီး ကိုယ်ရေးရာဇဝင် အချက်အလက်တွေနဲ့ ဓာတ်ပုံတွေ တောင်းယူခဲ့တဲ့အတွက် ဒီကိစ္စကို ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်ရတာ ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးသုဝေက RFA ကိုပြောပါတယ်။
“အဲဒါဟာ မလုပ်သင့်တဲ့ ကိစ္စကို ရွေးကောက်ပွဲ ကော်မရှင်က လုပ်တာပဲ၊ အဲဒီတော့ သူတို့ လာတောင်းရင် ဘာမှ မပြောနဲ့၊ ဟို ပါတီ ဌာနချုပ်နဲ့ ဆက်သွယ်ပါ၊ ပါတီ ဌာနချုပ်ကို မေးပါလို့ ပြောဆိုပြီးတော့ ကျွန်တော်တို့က ရွေးကောက်ပွဲ ကော်မရှင်ကို စာပို့လိုက်တယ်။ ၉ ရက်နေ့က ပို့လိုက်တာပေါ့နော်။”
ဒီမိုကရက်တစ်ပါတီဝင်တွေရဲ့ အမည်စာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားပြီး ကော်မရှင်ရဲ့ ခွင့်ပြုချက်လည်း ရထားပြီး ဖြစ်ကြောင်း ဒါဟာ မိမိတို့ ပါတီ အင်အားကြီးမားလာမှာကို မလိုလားတဲ့အတွက် အခုလို ခြိမ်းခြောက် ပြုမူနေတာ ဖြစ်ကြောင်း ဦးသုဝေက ပြောပါတယ်။။
RFA မှ ဒေါ်ခင်ခင်အိက ဒီသတင်းနဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းထားပါတယ်။