ကျမ်းကျိန်စာသား ကိစ္စကြောင့် NLD ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော် အချိန်မီ မတက်နိုင်

ဧပြီလ ၂၃ ရက် မနက်ဖြန်မှာ ပြန်လည်စတင်မယ့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်နိုင်မှာ မဟုတ်သေးဘူးလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။

2012.04.22
nld-ohn-kyaing-press-b305 NLD လွှတ်တော်အမတ် ဦးအုန်းကြိုင်က သတင်းထောက်တွေကို ရှင်းလင်းပြောပြနေစဉ်။
RFA

ဒါဟာ လွှတ်တော်ကို သပိတ်မှောက်တာ မဟုတ်ဘဲ ပြင်ဆင်ပေးဖို့ တောင်းဆိုထားတဲ့ စကားရပ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းနေဆဲမို့ မတက်ရောက်နိုင်တာ ဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က RFA ကို ဒီကနေ့ အတည်ပြုပြောပါတယ်။

"ကျွန်တော်တို့က တက်ဖို့ အဆင်သင့်ပဲ။ ဒါပေမယ့် ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်တဲ့အတွက်ကြောင့်၊ တစုံတရာ တိုးတက်မှု မရသေးတဲ့အတွက်ကြောင့် ဒီကနေ့ နေပြည်တော်ကို သွားဖို့ အစီအစဉ် မရှိပါဘူး။ ဒါကြောင့်မို့လို့ မနက်ဖန် ကျင်းပမယ့် ပထမအကြိမ် ကျင်းပမယ့် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကို ကျွန်တော်တို့ တက်ရောက်အုန်းမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ရှင်းပြကြပါတယ်။ ဦးဉာဏ်ဝင်းတို့ ဆက်လက်ပြီး ဆောင်ရွက်နေပါတယ်။ ညှိနှိုင်းဆွေးနွေးလို့ ပြေလည်သွားမယ်ဆိုရင် အမြန်ဆုံး လွှတ်တော်တက်ရောက်တာကို တွေ့ရမှာပါ။"

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ Uphold စကားရပ်အစား respect လေးစား လိုက်နာပါမည်လို့ ကျမ်းကျိန်ဆိုရာမှာ ပြောင်းလဲပေးဖို့ တောင်းဆိုထားပါတယ်။ ဒီကိစ္စဆက်လက်ညှိနှိူင်းနေဆဲဖြစ်ပြီး မပြီးပြတ်သေးတဲ့အတွက် မတက်ရောက်သေးတာလို့ ပြောပါတယ်။

ဒီနေ့ဟာ NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အတွက် ဆွေးနွေးပွဲ သင်တန်း နောက်ဆုံးနေ့ ဖြစ်ပြီး ဒီအခမ်းအနား ကာလအတွင်း သတင်းထောက်တွေက မေးမြန်းတဲ့အခါ သပိတ်မှောက်တာ မဟုတ်ဘဲ အချိန်အခါသင့်ချိန်ကို စောင့်နေတာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေကြားတယ်လို့လည်း အေအက်ဖ်ပီ သတင်းမှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-23 03:36

ပြင်သင့်စရာကိုပြင်ရငဂဒီကရေစီဆိုတာမသိရင်ညံ့လွန်းအားကြီးလှတယ်လို့ငထ