သူရဦးရွှေမန်းရဲ့ ဆုံးဖြတ်ချက် ကိုသာ ထောက်ခံခဲ့တာလို့ NLD ထုတ်ပြန်

2014-07-31
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က လွှတ်တော်တက်ရောက်လာစဉ်
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က လွှတ်တော်တက်ရောက်လာစဉ်
photo: AFP

PR ခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးမှာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ခံတယ် ဆိုပြီး ပြည်သူတွေအကြား ထင်ယောင်ထင်မှား ဖြစ်လာ တဲ့အတွက် PR စနစ်ကို မထောက်ခံကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က အခုလို ပြောပါတယ်။

"တချို့က ရှင်းရှင်းလင်းလင်းမရှိတော့ PR စနစ်ကို NLD က ထောက်ခံသလား၊ မထောက်ခံဘူးလား ဆိုတာ အငြင်းပွားစရာတွေရှိလာပါတယ်၊ ကျနော်တို့ ထောက်ခံတယ်ဆိုတာက ဥက္ကဌရဲ့ ရှင်းလင်းပြောကြားချက်အပေါ်မှာ ထောက်ခံတာ ပါဆိုတာကို ကျနော်တို့က ရှင်းရှင်းလင်းလင်း ပြည်သူ လူထုသိအောင် လုပ်လိုက်တာပါ"

ဇူလိုင်လ ၂၉ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ NDF ပါတီက ဦးအောင်ဇင် တင်သွင်းတဲ့အဆို ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေအနေ နဲ့ ထောက်ခံဆွေးနွေးခဲ့တာ မဟုတ်ဘဲ၊ ဒီအဆိုအပေါ် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ ပြန်လည်ရှင်းလင်း အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ်မှာသာ ထောက်ခံတာဖြစ်တယ်လို့ ဦးရွှေမန်းရဲ့ ရှင်းလင်းချက်ကိုကိုးကားပြီး ကြေညာချက် မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက မနေ့က လက်မှတ်ရေးထိုးပြီး သူရဦးရွှေမန်းထံ ပေးပို့ထားတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

ကွန်မင့်များ (2)
Share

(

FPTP ( First-Past the Post) စနစ် သုံးပြီး ၂၀၁၀ ရွေးကောက်ပွဲ မှာ မသမာသောနည်းမျိုးစုံကိုံသုံး ပြီး မဲလိမ် ခဲ့ကြတယ၊်
ကြိုတင်မဲ တွေကို တကယ်ရှိတာထက် ပို ပြခဲ့ကြတယ၊် လက်ရှိဘင်္ဂါလီ(ရိုဟင်ဂျာ) ၃ သိန်း ကို မက်လုံး ပေးပြီး မဲ ဆွယ် white card ပေး ပြီး ပါတီထောင်ခွင့် မက်လုံး ပေးပြီး မဲ ဆွယ်ခဲ့ကြတယ၊် အခု တော့ FPTP စနစ် မကောင်းဘူး။ PR (Proportional representation) ကောင်းတယ်လို့ ဆိုလာတယ်။

Aug 03, 2014 05:28 AM

အမည်မဖော်လိုသူ

ဒီလို “ထင်ယောင်ထင်မှား” ၊ “ဝေတ၀ိုးဝါး” ၊ “ရှုပ်ရှုပ်ထွေးထွေး” ..ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ “လုပ်”လိုက်တာပါ။ (မော်တော်ဆိုင်ကယ် စီး/မစီး ပဲ ကွာပါတယ်။)

Jul 31, 2014 06:44 PM

ဆိုက်တခုလုံးသို့