လွတ်လပ်ရေးနေ့မှာ နိုင်ငံရေး၊ စီးပွားရေး ကြေညာချက်များ NLD ထုတ်ပြန်
2011.01.04
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ဇန်နဝါရီ ၄ ရက်နေ့က ကျင်းပသော လွတ်လပ်ရေးနေ့ အခမ်းအနားကို ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (အလယ်) တက်ရောက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီအခမ်းအနားမှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒုဥက္ကဋ္ဌ ဦးတင်ဦးက တိုင်းသူပြည်သားတွေ ခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေ ချုပ်ငြိမ်းစေဖို့ စစ်အစိုးရအပါအဝင် ဒီကနေ့ အင်အားစုတွေအားလုံး ညှိနှိုင်းပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့တယ်လို့ ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောပြပါတယ်။
ဒါ့အပြင ်ဒေါ်အောင်ဆန်းစုကြည်ကလည်း လွတ်လပ်ရေးရဲ့ အရသာကို တိုင်းသူပြည်သားတွေ အပြည့် အဝ ခံစားနိုင်ရေး အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်ဖို့ အရေးကြီးကြောင်း တိုက်တွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ အထူး အစီအစဉ်တရပ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွတ်လပ်ရေးနေ့ ကြေညာစာတမ်းတစောင် ထုတ်ပြန်ခဲ့သလို။ နိုင်ငံ စီးပွားရေး သုံးသပ်ချက် စာတမ်းတစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ကြေညာချက် နှစ်စောင်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့ RFA ရုံးကို ရောက်နေတဲ့ ကိုဇော်မိုးကျော်က ဆက်သွယ် မေးမြန်းပြီး တင်ပြထားပါတယ်။
| ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |









