NLD နှင့် CRPP အဖွဲ့ ကျောက်ဖြူမှာ လေဘေး အကူအညီပေး

ရခိုင်ပြည်နယ်က ဂီရိ မုန်တိုင်းဒုက္ခသည်တွေကို အကူအညီပေးဖို့ ကျောက်ဖြူမြို့ကို ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၁၆ ရက် ဒီကနေ့ ကျောက်ဖြူမြို့က မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရတဲ့ ကျေးရွာတွေကို သွားရောက်ပြီး စားနပ်ရိက္ခာ ကူညီထောက်ပံ့ ပေးခဲ့ကြကြောင်း သိရပါတယ်။
2010-12-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ကမ်းရိုးတန်းသို့ အောက်တိုဘာ ၂၂ ရက်နေ့က ဆိုင်ကလုန်း ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးနောက် ကျောက်ဖြူမြို့တွင် မုန်တိုင်းသင့် အပျက်အစီးများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: U Kyaw Zaw Win/www.demowaiyan.co.cc)
ရခိုင်ကမ်းရိုးတန်းသို့ အောက်တိုဘာ ၂၂ ရက်နေ့က ဆိုင်ကလုန်း ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးနောက် ကျောက်ဖြူမြို့တွင် မုန်တိုင်းသင့် အပျက်အစီးများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: U Kyaw Zaw Win/www.demowaiyan.co.cc)
(Photo: U Kyaw Zaw Win/www.demowaiyan.co.cc)

NLD နဲ့ CRPP မုန်တိုင်း အကူအညီပေးရေး အဖွဲ့ဝင်တွေက ကျောက်ဖြူမြို့နယ် မင်းကန်ကျေးရွာနဲ့ တောင်ရှည် ကျေးရွာတွေက မုန်တိုင်းသင့် ဒုက္ခသည်တွေအတွက် ဆန်အိတ် ၄၀၀ ကျော် ကူညီထောက်ပံ့ပေးခဲ့ကြောင်းနဲ့ အဲဒီဒေသက ကျိုးပေါက်နေတဲ့ ရေကာတာကို ပြုပြင်ပေးဖို့အတွက် ဒေသခံတွေက သူတို့ကို အကူအညီ တောင်းခံခဲ့တယ်ဆိုတဲ့ အကြောင်း ဒီကနေ့ မနက်က အဖွဲ့ချုပ်ကို သတင်းပေးပို့ခဲ့တယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

NLD နဲ့ CRPP ဂီရိမုန်တိုင်း ကူညီပေးရေးအဖွဲ့ဟာ မနက်ဖြန်မှာ မြေပုံမြို့က မုန်တိုင်းဒုက္ခသည်တွေကို သွားရောက် အကူအညီပေးကြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အဖွဲ့ဝင်တွေဟာ မနေ့ကလည်း မင်းပြင်ရွာကို သွားရောက်ပြီး ဆန်အိတ် ၅၀ နဲ့ အဝတ်အထည်တွေ၊ သင်္ကန်း၊ ထီး၊ ယပ်၊ ဖိနပ်တွေ နဲ့ ဆေးဝါးပစ္စည်းတွေ လှူဒါန်းခဲ့ကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့