နျူကလီးယားအစီအစဉ်ကို အချည်းနှီးလုပ်ဆောင်နေကြောင်း ပြောကြား
မြန်မာစစ်အစိုးရဟာ ဒုံးကျည်လက်နက်နဲ့ တခြား စစ်ရေးနည်းပညာတွေမှာ မြောက်ကိုးရီးယား နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတာ ကိုယ်တွေ့သိခဲ့ရပေမဲ့၊ နျူကလီးယားကိစ္စကိုပါ ကြိုးပမ်း နေတယ်ဆိုရင်တော့ မဖြစ်နိုင်တာကို ငွေကုန်ခံ၊ ဘဝတွေ အကုန်ခံပြီး အချည်းနှီး ဆောင်ရွက်နေတာပါလို့ ပြည်ပကို ထွက်ပြေးလာတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းက RFA ကို ပြောပါတယ်။
ဗိုလ်မှူး စိုင်းသိန်းဝင်းနဲ့ ဆက်သွယ် မေးမြန်းခဲ့တဲ့ RFA မှ မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြထားပါတယ်။