အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ရန်ကုန်အိမ်ကို အမေရိကန်ဒေါ်လာ ၁ဝ သန်းနဲ့ ရောင်းမယ်

2022.05.05
Share on WhatsApp
Share on WhatsApp
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ရန်ကုန်အိမ်ကို အမေရိကန်ဒေါ်လာ ၁ဝ သန်းနဲ့ ရောင်းမယ် ၂ဝ၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်က တပ်မတော်နေ့အခမ်းအနားတွင် တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: Reuters

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မတရားသိမ်းယူထားတဲ့ ရန်ကုန် ကမာရွတ်မြို့နယ် အင်းလျားလမ်း ခြံအမှတ် ၁၄ က နေအိမ်ကို အမေရိကန်ဒေါ်လာ ၁ဝ သန်းနဲ့ တန်ဖိုးဖြတ်ပြီး ရောင်းချသွားမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ စီမံကိန်း ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက မေလ ၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် မတရားရယူထားတဲ့ အဲဒီနိုင်ငံပိုင်မြေဟာ ဧက ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလတန်ကြေး အမေရိကန်ဒေါ်လာ သန်း ၃ဝ ကျော် တန်ကြေးရှိတယ်လို့လည်း ဆိုပါတယ်။

ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ အမေရိကန်ဒေါ်လာ ၁ဝ သန်း တန်ဖိုးဖြတ်ပြီး အစုရှယ်ယာတစ်သိန်း ရောင်းချသွားမှာဖြစ်သလို ရှယ်ယာ တစ်စုကို ဒေါ်လာ ၁ဝဝ သတ်မှတ်ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်သွယ်ဝယ်ယူနိုင်ဖို့အတွက် နိုင်ငံအသီးသီးက ကိုယ်စားလှယ်နဲ့ စတင်ရောင်းချမယ့် ရက်ကို သီးသန့် ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။

၂ဝ၂၁ ခုနှစ် အာဏာာသိမ်းမှုမှာပါဝင်တဲ့ အာဏာရှင်တွေရဲ့ အိုးအိမ်ခြံမြေတွေအပါအဝင် ပိုင်ဆိုင်မှုတွေကို NUG က သိမ်းယူမှာဖြစ်ပြီး လေလံတင်ရောင်းချဖို့ ပြင်ဆင်ထားတာပါ။

စစ်ကောင်စီကလည်း NUG အစိုးရအဖွဲ့ဝင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်နေတဲ့ အနုပညာရှင်တွေနဲ့ နာမည်ကျော်ကြားသူတချို့ရဲ့ အိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်သိမ်းဆည်းပြီး ရောင်းချဖို့ စီစဉ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။