ဗိုလ်ချုပ်ဟောင်းများ ဖြစ်သော်လည်း ကြံ့ခိုင်ရေးနှင့်မတူကြောင်း တစညပြောကြား

အငြိမ်းစား စစ်ဗိုလ်ချုပ်တွေ ဦးဆောင်နေတဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တဖြစ်လဲ တစည ခေါ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဟာ စစ်အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အတူတူပဲလို့ အများပြည်သူတွေအကြား ထင်မြင်ယူဆနေတာဟာ နားလည်မှု လွဲမှားခြင်းသာ ဖြစ်တယ်လို့ ပါတီ ခေါင်းဆောင်တဦးဖြစ်သူ အငြိမ်းစား တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးချစ်လှိုင်က ပြောပါတယ်။

ဒါ့ပြင် တစည ပါတီဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ဘယ်တုန်းကမှ ပတ်သက်ဆက်နွယ်ခြင်း မရှိကြောင်း၊ တစညဟာ ဣန္ဒြေရှိ လူကြီးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ လုံးဝမတူကြောင်း သူက ပြောပါတယ်။

ဦးချစ်လှိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။

အသံဖိုင်ယူရန်