လှိုင်သာယာ အိုးရှင်း ရှူးဖိနပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ

2014-01-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လုပ်ခလစာတိုးမြှင့်ရေးအတွက် လှိုင်သာယာမြို့နယ်ရှိ စက်ရုံတစ်ခုက အလုပ်သမားများ ဆန္ဒပြနေစဉ်
လုပ်ခလစာတိုးမြှင့်ရေးအတွက် လှိုင်သာယာမြို့နယ်ရှိ စက်ရုံတစ်ခုက အလုပ်သမားများ ဆန္ဒပြနေစဉ်
photo: RFA/ Tun Myint

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် (၁) မှာရှိတဲ့ Ocean Shoes ဖိနပ်စက်ရုံက အလုပ်သမား ၂၀၀ နီးပါးဟာ လုပ်ခလစာတိုးပေးဖို့အတွက် ဒီကနေ့မှာ သုံးရက်မြောက်နေ့အဖြစ် ဆန္ဒပြတောင်း ဆိုနေကြပါတယ်။

နေ့စဉ်ကြေး၊ ထမင်းစရိတ်၊ ခရီးစရိတ်နဲ့ ရှားပါးစရိတ်တိုးပေးဖို့ တောင်းဆိုနေကြ တာဖြစ်တယ်လို့ စက်ရုံက အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"အခြေခံလစာက တစ်သောင်းခြောက်ထောင် ငါးရာနဲ့ ငါးဆယ့်ငါးကျပ်ပဲ ရပါတယ်။ ထမင်းစရိတ်၊ ကားခနဲ့ ရှားပါးစရိတ် အကုန်လုံးပေါင်းမှ ငါးသောင်းနဲ့ တစ်ထောင်ပဲရတယ်။ ကျမတို့က ဘယ်လောက် အထိသတ်မှတ်ထားတယ်တော့ မဟုတ်ဘူးပေါ့။ နေ့စဉ်ကြေးကိုလည်း နည်းနည်းစီတိုးပေးရမယ်။ ရှားပါးစရိတ်၊ ထမင်းစရိတ်ကစ အကုန်လုံး နည်းနည်းစီတိုးပေးဖို့ တောင်းဆိုထားတာပါ။"

အလုပ်သမားတွေဟာ နေ့စဉ်လုပ်အားခအဖြစ် တစ်နာရီကို ၉၀ ကျပ်ရရှိနေတာကြောင့်  ၁၃၅ ကျပ်အထိ တိုးပေးဖို့၊ ထမင်းစရိတ်ကို တစ်ရက် ၄၀၀ ကနေ ၁၀၀၀ အထိတိုးပေးဖို့၊ ရှားပါးစရိတ် တစ်လတစ်သောင်းကနေ တစ်သောင်းခုနှစ်ထောင်ကျပ်အထိ တိုးပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

အလုပ်သမားတစ်ဦးရဲ့လစာဟာ နေ့စဉ်လုပ်အားခနဲ့ ရှားပါးစားရိတ် စတာတွေပေါင်းလိုက်ရင် တစ်လ ငါးသောင်းကျပ်အထိရတယ်လို့ သိရပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

လစာ (၃သ်နး)ရတဲ့ လွှတ်တော်အမတ်ကတောင် မကျေနပ်နိုင်တာ ၊ တလ ( ၅သောင်း ၁ ထောင်)ရတဲ့ သူတွေက ဆန္ဒပြတာ ထောက်ခံပါတယ်။

Jan 18, 2014 01:53 PM

MAUNGHANWIN

နေရပ်- JAPAN

လှိူင်သာယာစက်ရုံအလုပ်သမားတွေပြသာနာရှင်းပါအုံး သက်ဆိုင်ရာ သမတသိန်းစိန်နဲ့ဝန်ကြီးခင်ဗျား

Jan 17, 2014 01:31 PM

ဆိုက်တခုလုံးသို့