မန္တလေးတိုင်း အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာအနီးမှာ သတ်ဖြတ်ခံထားရတဲ့ အမည်မသိ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို သွေးသောက်အဖွဲ့ရဲ့ အမှတ်တံဆိပ်နဲ့ အတူ ဒေသခံတွေက မေလ ၂ ရက် ဒီနေ့ မနက်က တွေ့ရှိခဲ့ကြပါတယ်။
သွေးသောက်အဖွဲ့လို့ နာမည်ပေးထားသူတွေကတော့ ဒီသေဆုံးသူဟာ အမရပူရမြို့နယ် NLD ပါတီရဲ့ စည်းရုံးရေးမှူး ကိုဇော်ကြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပေမယ့် မန္တလေးခရိုင် ပြန်ကြားရေးတာဝန်ခံကတော့ ဘယ်သူဘယ်ဝါဆိုတာကို အတည်မပြုနိုင်ဘူးလို့ ပြောပါ တယ်။
"အဲဒီသတင်းကတော့ သတင်းအမှားဖြစ်မယ်ဗျ။ ကျနော် သူနဲ့ နီးစပ်ရာကို စုံစမ်းလိုက် တော့ မဟုတ်ပါဘူးတဲ့။ စောစောကတော့ ရှမ်းကလေးကျွန်းမှာ အလောင်းတစ်လောင်း တွေ့တယ်လို့ အသံထွက်လာတယ်။ မဟုတ်ဘူးလို့ ပြောတယ်ဗျ။ အဲဒီဥစ္စာမဖြစ်နိုင် ဘူးလို့ ပြောတယ်ဗျ"
သွေးသောက်အဖွဲ့ ဆိုသူတွေ ဖော်ပြလာတဲ့ သေဆုံးသူရဲ့ ရုပ်အလောင်းဓာတ်ပုံမှာ သွေးတွေ၊ ဓားဒဏ်ရာတွေကို တွေ့ရပြီး လက်မောင်းမှာလည်း NLD ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ခွပ် ဒေါင်းနဲ့ ကြယ်တစ်ပွင့်ကို တက်တူးထိုးထားတာ တွေ့ရပါတယ်။
အဲဒီ သွေးသောက်ဆိုတဲ့ အဖွဲ့ ဧပြီလ ၂၁ ရက်နေ့မှာ လူသိရှင်ကြားပေါ်ပေါက်လာပြီးနောက် ဧပြီ ၂၄ ရက်မှာ မန္တလေး မဟာအောင်မြေမြို့နယ်မှာနေထိုင်တဲ့ NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌ တစ်ဦး ပထမဆုံး သတ်ဖြတ်ခံခဲ့ရ ပါတယ်။ အဲဒီနောက် ဒီနေ့အထိ အချိန် ၁၂ ရက်အတွင်း မန္တလေးနဲ့ ရန်ကုန်မြို့တွေမှာ သွေးသောက်တံဆိပ်နဲ့အတူ လူ ၁၀ ဦး သတ်ဖြတ်ခံခဲ့ရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအဖွဲ့ကို နိုင်ငံအနှံ့မှာ ဖွဲ့စည်းသွားမှာဖြစ်ပြီး NLD ပါတီဝင်တွေ၊ ဆက်စပ်သူတွေ၊ တော် လှန်ရေးကို ထောက်ခံသူတွေ၊ သတင်းမီဒီယာတွေနဲ့ မိသားစုဝင်တွေကို သတ်ဖြတ်သွား မယ်လို့ ကြေညာထားပါတယ်။
စစ်ကောင်စီကတော့ ဒီအဖွဲ့ရဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။