ပါတီတွေ တာဝန်မကျေဘူးလို့ PDP ပါတီက ဝေဖန်

ပါတီတွေ အနေနဲ့ စာစောင် ထုတ်ဝေခြင်း မလုပ်ကြတာဟာ နိုင်ငံရေး တာဝန် မကျေမှု ဖြစ်တယ်ဆိုပြီး မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီ PDP က ဒီကနေ့ ကြေညာချက်ထုတ် ဝေဖန်လိုက်ပါတယ်။
2011-07-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပါတီတွေက ထုတ်ဝေနေတဲ့ စာစောင်တွေကို စာပေ စိစစ်ရေးက တည်းဖြတ်ခြင်း မရှိဘဲ ထုတ်ဝေခွင့် ရနေကြောင်း၊ သူတို့ပါတီ အနေနဲ့ စာစောင်တွေ ထုတ်ဝေပြီး လွှတ်တော် အပါအဝင် အစိုးရကိုပါ ဝေဖန်နိုင်တဲ့ အခွင့်အရေးတွေ ရနေတာကို ကျန်တဲ့ ပါတီတွေက အလားတူ ထုတ်ဝေမှု မပြုလုပ်ကြတဲ့ အတွက်ကြောင့် ထောက်ပြ ဝေဖန်ရတာ ဖြစ်တယ်လို့ PDP ပါတီရဲ့ ဥက္ကဋ္ဌ ဦးနေမျိုးဝေ က RFA ကို ပြောပါတယ်။

သူတို့ ပါတီ စာစောင်တွေမှာ လွှတ်တော်နဲ့ အစိုးရ အလုပ်ဘက်ကိုလည်း ဝေဖန်လို့ ရနေတဲ့အကြောင်း၊ စာပေစိစစ်ရေးကိုလည်း ပို့စရာမလိုဘ ရေးသားလို့ ရနေတဲ့အတွက် ကျန်တဲ့ပါတီတွေက ဖြန့်ဖြူးသင့်ကြောင်း၊ ဂျာနယ်တွေမှာတော့ တင်းကြပ်ပြီး အင်တာဗျူးတွေ မပါကြောင်း ဦးနေမျိုးဝေ က ပြောပါတယ်။

မတူကွဲပြားခြင်းနဲ့  ငြိမ်းချမ်းရေး ပါတီ PDP ဟာ ဒိုင်ဗားစတီး နိုင်ငံရေး စာစောင်ကို လစဉ် ထုတ်ဝေနေပြီး တခြား နိုင်ငံရေးအမြင် စာတမ်းတွေကိုလည်း သီးသန့် ထုတ်ဝေနေတယ်လို့ ဆိုပါတယ်။

အဲဒီလို နိုင်ငံရေး စာပေ ထုတ်ဝေတာနဲ့ ပတ်သက်ပြီး ပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေနဲ့ ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့