သထုံက ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲမှု PDF ငြင်းဆို

2021-07-29
Share
သထုံက ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲမှု PDF ငြင်းဆို ဖောက်ခွဲခံရတဲ့ သထုံမြို့နယ်က ဓာတ်ငွေ့ပိုက်လိုင်းကို တွေ့ရစဥ်
Photo CJ
မွန်ပြည်နယ် သထုံမြို့နယ်က ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ဇူလိုင်လ ၂၇ ရက်ညနေက ဖျောက်ခွဲဖျက်ဆီးခံရ တာဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ ဒေသခံ PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ဒီနေ့ညနေက ပြောပါတယ်။
 
သထုံမြို့နယ် ဝင်းစိန်ရွာနဲ့ စခန်းကြီးရွာကြားက သွယ်တန်းထားတဲ့ အဲဒီဓာတ်ငွေ့ပိုက်လိုင်းတစ်ခုကို PDF အဖွဲ့က ဖောက်ခွဲဖျက်ဆီးလိုက်တယ်ဆိုပြီး ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာနဲ့ ပတ်သက်လို့ သထုံ မြို့နယ်က PDF တပ်ဖွဲ့ဝင်တစ်ဦးကို RFA က မေးမြန်းခဲ့ရာမှာ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။
 
“သူတို့ဘာသာ လုပ်ကြံပြီး PDF ကိုထိုးချတာ။ နိုင်ငံတကာမှာ မျက်နှာရချင်တိုင်း PDF ဆိုတာကို အလွဲသုံးစားလုပ်နေတာ”
 
အဲဒီဓာတ်ငွေ့ပိုက်လိုင်းက ပြည်တွင်းသုံး ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုဖြစ်ပြီး လူမှုကွန်ရက်မှာပျံ့နှံ့နေသလို ထိုင်းနိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ ပိုက်လိုင်းမဟုတ်ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
 
အဲဒီဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲတာဟာ စစ်ကောင်စီရဲ့ လက်ချက်လို့ PDF အဖွဲ့ဝင်တွေက ပြန်လည် ပြောဆိုကြပေမယ့် ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ RFA က အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့