ဖယ်ခုံမြို့နယ် ဆီးမီးလော့ရွာက စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရ

2022.05.25
Share on WhatsApp
Share on WhatsApp
ဖယ်ခုံမြို့နယ် ဆီးမီးလော့ရွာက စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရ ဖယ်ခုံမြိုနယ် ဆီးမီးလော့အနီးရှိ စစ်ကောင်စီတပ်စခန်းကို တွေ့ရစဥ်
Photo: Inle People Defense Force

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြိုနယ် အရှေ့ဘက်ခြမ်း ဆီးမီးလော့ရွာအောက်ဘက်က စစ်ကောင်စီတပ်ရဲ့ စခန်းကို ကရင်နီလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေက မေလ ၂၄ ရက် မနေ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖယ်ခုံမြို့နယ် PDF တပ်ရင်း ၂ က ပြောပါတယ်။

မေလ ၂၄ ရက် မနက် ၄ နာရီလောက်က စစ်ကောင်စီတပ်ရဲ့ အဲဒီစခန်းကို ကရင်နီပူးပေါင်း တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာ သွားခဲ့ကြတယ်လို့ ဖယ်ခုံမြို့ နယ် PDF တပ်ရင်း ၂ ပြောခွင့်ရသူတစ်ဦးက RFA ကို ပြော ပါတယ်။

“ကျနော်တို့ မနေ့က သိမ်းလိုက်တယ်။ သူတို့ ယာယီစခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်။ စစ်ကောင်စီဘက်က ၃၀ ဝန်းကျင်ကတော့ ကျိန်းသေပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေ ကလည်း များတော့ ထိခိုက်တာတွေတော့ရှိတယ်”

ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ကောင်စီတပ်စခန်းကို KNDF-တပ်ရင်း ၂၊ ၃၊ ၁၁၊ ၁၄ နဲ့အတူ KA၊ SSRY၊ ဖယ်ခုံ PDF တပ်ရင်း ၂ တို့ ပူးပေါင်းတိုက်ခိုက်ကြရာမှာ ၁၀ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၃၀ သေဆုံးပြီး KNDF – B 03 က ရဲဘော်တစ်ဦး၊ ဖယ်ခုံ PDF တပ်ရင်း၂ က တစ်ဦး၊ စုစုပေါင်း နှစ်ဦး သေဆုံးခဲ့ရတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃ (KNDF - B0 3) က မေလ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

KNDF ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က တုန့်ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ရာ ဒီနေ့ညနေ ၅ နာရီ အထိ ဆက်သွယ်လို့မရခဲ့ပါဘူး။

KNDF ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက် တုန့်ပြန်ချက်ရဖို့ ဆက်သွယ်မေးမြန်းနေပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်း ထီရီးကျေးရွာမှာ စစ်ကောင်စီ တပ်နဲ့ PNO ပြည်သူ့စစ်တွေ တပ်စွဲထားတဲ့ ဂိတ်စခန်းကို ကရင်နီလက်နက်ကိုင်ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်တိုက် ခိုက်ပြီးနောက်မှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

ကယား (ကရင်နီ) ပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်ဘက်မှာ စစ်တပ် အာဏာသိမ်းပြီး နောက် စစ်ကောင်စီတပ်နဲ့ ကရင်နီလက်နက်ကိုင်တပ်တို့ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ရာမှာ အခုဆိုရင် တစ်နှစ် ရှိနေပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့