ဖမ်းဆီးခံထားရတဲ့ သတင်း သမားတွေကိစ္စ ညှိနှိုင်းနေကြောင်း ပြန်ကြားရေး ဝန်ကြီးပြော

2017-07-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
့ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ကို မေလ ၃ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotel မှာ ကျင်းပတဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ဆွေးနွေးပွဲတွင် တွေ့ရစဉ်
့ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ကို မေလ ၃ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotel မှာ ကျင်းပတဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ဆွေးနွေးပွဲတွင် တွေ့ရစဉ်
Photo: Thiha Tun/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရန်ကုန်မှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၃ ယောက်နဲ့ The Voice အယ်ဒီတာချုပ်တို့ ကိစ္စကို ညှိနှိုင်းဆွေးနွေးနေ တယ်လို့ ပြန်ကြာရေးဝန်ကြီး ဒေါက်တာဖေမြင့် က ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ ဒီကနေ့ကျင်းပတဲ့ လူမှုအခြေပြုဗဟိုဋ္ဌာနနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွှေ့လျားစာကြည့်တိုက် ဖွင့်ပွဲကို တက်ရောက်လာတဲ့ ပြန်ကြားရေး ဝန်ကြီး ကို RFA က မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

"အဲဒါသက်ဆိုင်တဲ့ပုဂ္ဂိုလ်များကို ညှိနှိုင်းဆွေးနွေးပြီးတော့ လုပ်နေတာတော့ ရှိပါတယ်။ သို့သော် တကယ် သက်ဆိုင်ရာဋ္ဌာနက ပုဂ္ဂိုလ်တာဝန် ရှိသူများနဲ့ ကာယကံရှင်များရဲ့ အဆုံးအဖြတ်အပေါ်မှာ မူတည်မှာပေါ့နော်။ သက်ဆိုင်တဲ့ အဖွဲ့အစည်းများ လုပ်ငန်းဌာနနဲ့ အဆုံးအဖြတ်အပေါ်မှာ မူတည်မှာပါ"

ဒီမိုကရက်တစ်မြန်မာ့အသံနဲ့ ဧရာဝတီ မီဒီယာအဖွဲ့အစည်း နှစ်ခုက မီဒီယာသမား ၃ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA လက်နက်ကိုင်အဖွဲ့ ကျင်းပတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပွဲကို သွားရောက် သတင်းယူပြီး အပြန်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီသတင်းထောက် ၃ဦးကို တပ်မတော်က မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့်ထားပါတယ်။

ကျည်ထောင်စုသစ္စာလို့ အမည်ပေးထားတဲ့ သရော်စာကို ဖော်ပြခဲ့တာကြောင့် ရန်ကုန်အခြေစိုက် The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ဖမ်းဆီးထားတာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်ဟာ မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ လူမှုအခြေပြုဗဟိုဋ္ဌာန Community Centre နဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွှေ့လျား စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပြီး အများအကျိုးရှိမယ့် ပြည်သူ့အရေးကိစ္စတွေကို လူမှုအခြေပြုဗဟိုဌာနတွေမှာ လွတ်လပ် စွာ ဆွေးနွေးနိုင်အောင် ဖိတ်ခေါ်ပေးဖို့ အစိုးရဝန်ထမ်းတွေကို တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံရေးစနစ်၊ ခေတ်ကာလ၊ နည်းပညာအပြောင်းအလဲတွေနဲ့ ကိုက်ညီစွာနဲ့ အခုလိုလူမှုအခြေပြု ဗဟိုဋ္ဌာနတွေကို ပြောင်းလဲဖွင့်လှစ်နေတာ လို့လည်း ပြောပါတယ်။

လူမှုအခြေပြုဗဟိုဋ္ဌာနတွေကို ပြန်ကြားရေးဝန်ကြီးဋ္ဌာနနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ရန်ကုန်၊ မကွေး စတဲ့ တိုင်းဒေသကြီးတွေမှာ ဖွင့်လှစ် ရာ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနမှာ အခုတကြိမ်ဖွင့်လှစ်မှုဟာ ခုနှစ်ခုမြောက်ဖြစ်ပါတယ်။

အခမ်းအနားကို ပြန်ကြားရေးဝန်ကြီး၊ ပညာရေးဝန်ကြီး၊ ချက်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး၊ ပြည်နယ်ဝန်ကြီး ချုပ်နဲ့ ဝန်ကြီးတွေ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားရိုးရာအဖွဲ့တွေ နဲ့ ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့