ကျောင်းတိုက်ကနေ ထွက်ပေးဖို့ ပီနန်ဆရာတော်ကြီး ငြင်းဆန်

2014-03-31
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပီနန်ဆရာတော် ဦးပညာဝံသပုံ
ပီနန်ဆရာတော် ဦးပညာဝံသပုံ
(Photo: RFA)

ရန်ကုန်တိုင်း တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်က မဟာသန္တိသုခ သာသနာပြုကျောင်းတိုက် တည်ထောင်ခဲ့တဲ့ ပီနန်ဆရာတော် ဦးပညာဝံသနဲ့ တပည့်သံဃာတွေကို ကျောင်းတိုက်ကနေ ထွက်ခွာပေးဖို့ သံဃနာယက အကြောင်းကြားတာကို လက်မခံကြောင်း ပီနန်ဆရာတော်က ဒီနေ့ မိန့်ကြားပါတယ်။

ပီနန်ဆရာတော်ဘုရားကြီးကိုယ်စား လန်ဒန်မြို့  သာသနရံသီကျောင်းတိုက် ဆရာတော် ဦးဥတ္တရက သတင်းစာရှင်းလင်းပွဲမှာ အခုလို မိန့်ကြားပါတယ်။

"ပီနန်ဆရာတော်ဘုရားကြီးရဲ့ ရည်ရွယ်ချက်ကတော့ အမှန်တရားကို ဖော်ထုတ်နေတာပါပဲ၊ ဘာအမှန် တရားလဲလို့မေးရင် သာသနာနဲ့ ပတ်သက်တဲ့ သာသနာ့ဝန်ထမ်းတွေကို ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေက မမှန်မကန်တွေ လုပ်နေတာတွေကို မှန်မှန်ကန်ကန် ဖြစ်အောင်ဆိုပြီးတော့ ဒီမဟာသန္တိသုခကျောင်းကြီးကို စံပြအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်နေတယ်လို့ပဲ သိစေချင်ပါတယ်"

မဟာသန္တိသုခကျောင်းတိုက်ကို ၁၉၉၉ ခုနှစ်မှာ ကမ္ဘာ့သာသနာပြုဆရာတော် ဘဒ္ဓန္တ ပညာဝံသနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်တို့က ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဆရာတော်ဟာ မလေးရှားနိုင်ငံ ပီနန်မြို့နဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွေမှာ သာသနာပြုနေရင်း စစ်အစိုးရကို ဝေဖန်ခဲ့တာကြောင့် ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

စစ်အစိုးရက အဲဒီကျောင်းတိုက်ကို သံဃာ့နာယကအဖွဲ့ကို ရေစက်ချလှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။ ပီနန်ဆရာတော်ဟာ မြန်မာနိုင်ငံကို မနှစ်က ပြန်လည်ကြွရောက်ခဲ့ပြီး သီတင်းသုံးခွင့် ပြန်လျှောက်ထားခဲ့တာဖြစ်ပါတယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲကို တာမွေမြို့ဒေသခံတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့  အနုပညာရှင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ကွန်မင့်များ (5)
Share

သိထားသူ

ကျောင်းကြီးဖြစ်ပေါ်လာပုံ ၊ ကြွေးမကျေလို့ ကျောင်းသိမ်းဖို့ ဘဏ်ကို ခွင့်ပြုလိုက်ပုံ ကစပြီး ကနေ့အခြေအနေအထိ ဗိုလ်ခင်ညွန့် သက်ရှိထင်ရှား ရှိနေတုန်း ရှင်းပြသင့်ပါတယ်။ မိမိတာဝန်ရှိပါလျက် သံဃမဟာနာယကအဖွဲ့ကို အပြစ်မြင်နေတာကို လျစ်လျူ ရှုနေရင် သံဃာတွေကို ဂိုဏ်းခွဲတာပါ။ ကံကြီးထိုက်ပါမယ်။

Apr 01, 2014 01:39 PM

အမည်မဖော်လိုသူ

အေးဗျာ .. စစ်အစိုးရခေတ်အဆက်ဆက် သံဃာတွေကို ဂိုဏ်းကွဲအောင် လုပ်ဆောင်ဖန်တီးခဲ့လို့ “ငရဲစာရင်းဝင်” ဖြစ်ခဲ့ ၊ ဖြစ်ဆဲ ၊ ဖြစ်ဦးမှာပါ။။

Apr 02, 2014 10:15 AM

အမည်မဖော်လိုသူ

ဗိုလ်ခင်ညွန့်က ရှင်းချင်ရင် အစကတည်းက မရှုပ်ဘူး။ ရှင်းဖို့ သတ္တိလည်း မရှိဘူး။ သတ္တိမရှိလို့လည်း နောက်ကွယ်ကနေ ခိုင်းနေပြီး “အထက်အမိန့်အတိုင်း လုပ်တာ”လို့ ခေါင်းရှောင်
တာပေါ့။

Apr 02, 2014 10:22 AM

အမည်မဖော်လိုသူ

ဆရာတော် ဦးဥတ္တရက “ဖြစ်ရပ်မှန်”ကို သိရှိအောင်
လေ့လာသင့်ပါတယ်။

Mar 31, 2014 09:51 PM

အမည်မဖော်လိုသူ

သူက နိုင်ငံခြားမှာ သီတင်းသုံးနေတာပဲဟာ ဘာသိတာမှတ်လို့။

Apr 02, 2014 10:16 AM

အမည်မဖော်လိုသူ

“သာသနာနဲ့ ပတ်သက်တဲ့ သာသနာ့ဝန်ထမ်းတွေကို
ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေက မမှန်မကန်တွေ လုပ်နေတာတွေကို မှန်မှန်ကန်ကန် ဖြစ်အောင်ဆိုပြီးတော့ ဒီမဟာသန္တိသုခကျောင်းကြီးကို စံပြအနေနဲ့
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်နေတယ်လို့ပဲ သိစေချင်ပါတယ်"
(တညိုးကြီးပဲ။ ရှင်းလဲ မရှင်းဘူး။ ဘာပြောချင်တာပါလိမ့်။)

Mar 31, 2014 07:34 PM

အမည်မဖော်လိုသူ

သူကိုယ်တိုင်လည်း သေချာသိတာမှ မဟုတ်တာ။ ပြောဆိုလို့ ထွက်ပြောရတာ ဖြစ်မှာပေါ့။။

Apr 02, 2014 10:18 AM

အမည်မဖော်လိုသူ

အဖြစ်မှန်ကို မသိပဲ ကိုယ်စားပြုပြောဆိုတာတွေက “ဓါးထိုးခံဖို့ ဗိုက်အငှားလိုက်တာ”ပါပဲ။

Mar 31, 2014 03:53 PM

အမည်မဖော်လိုသူ

ဒီကျောင်းဖြစ်လာတဲ့ ဖြစ်ရပ်မှန်ကို ကာယကံရှင် နှစ်ဦးစလုံး သိကြပါတယ်။ (သန္ဓေမမှန်လို့ အဖြေမမှန်တာ မဆန်းပါဘူး။)

Mar 31, 2014 01:59 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့