ပြည်သူ့ဆန္ဒကို လွှတ်တော်က ဖြည့်ပေးနိုင်၊ မနိုင် သိရတော့မည်

2014-07-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့ တောင်းဆိုတဲ့ ပြည်သူတွေရဲ့ လက်မှတ်တွေ မကြာခင် လွှတ်တော်ထဲရောက်တဲ့အခါ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လုပ်ဆောင်ပေးနိုင်ရဲ့လားဆိုတာ သိရတော့မယ်လို့  ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီက ပြော ကြားလိုက်ပါတယ်။

ရှမ်းပြည်နယ် တာချီလိတ်မြို့ ဟုတ်တတ်တရုတ်ဘုံကျောင်းမှာ ဒီကနေ့ ကျင်းပတဲ့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ ကိုဂျင်မီက ပြောခဲ့တာဖြစ်ပါတယ်။

"ပုဒ်မ ၄၃၆ တံခါးကြီးကို ဖွင့်မယ်ဆိုလို့ဆိုရင် သော့တစ်လုံးတော့ခတ်ထားတာပဲ၊ ၇၅ ယောက်သော ကျနော်တို့ ပြည်သူ့ကိုယ်စားလှယ်များ မိဘပြည်သူများ ကိုယ်စားလှယ်တွေက ၇ ချောင်း၊ တစ်ဘက်က ခန့်အပ်ခံပုဂ္ဂိုလ် အစိတ်သားက ၇ ချောင်း၊ ၇၅ ကျပ်သားက ဖွင့်လို့ပြီးရင်တောင်မှ နောက်ထပ်သော့ တစ်ချောင်းနဲ့ ထပ်ဖွင့်ဖို့အတွက် ကျနော်တို့က တောင်းပန်ရမယ်၊ အဲ့ဒီတော့ ဒီလိုအခြေအနေမျိုး ကို ပြန်စဉ်းစားလို့ရှိရင် ဘယ်မှာလဲ ဒီမိုကရေစီ၊ ဘယ်မှာလဲ ပြည်သူရဲ့ဆန္ဒ အဲ့ဒီတော့ လွှတ်တော်ဆန္ဒ ပြည်သူ့ဆန္ဒ၊ လွှတ်တော်အသံ ပြည်သူ့အသံဆိုတာ တကယ်မှ ဟုတ်ပါရဲ့လားဆိုတဲ့ မေးခွန်း ပါ၊ မကြာခင်မှာ အခြေအနေကို ကျနော်တို့ သိရပါတော့မယ်၊ ပြည်သူ့အသံက လွှတ်တော်အသံ ဟုတ်ပါရဲ့လား ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဟုတ်ပါရဲ့လားဆိုတာ ကျနော်တို့ မကြာခင်သိရမှာပါ"

ဒီကနေ့ ဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းနဲ့ စာရေးဆရာ ဦးထင်လင်းဦးတို့လည်း ဟောပြောခဲ့ကြပါတယ်။

အဲ့ဒီဟောပြောပွဲကို ဒေသခံ တစ်ထောင်နီးပါးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူတွေက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်တွေလည်း ရေးထိုးခဲ့ကြပါတယ်။

ကွန်မင့်များ (4)
Share

အမည်မဖော်လိုသူ

ပြည်သူ့ဆန္ဒကို လွှတ်တော်က အရေးမစိုက်ဘူးလို့ ရျွေမန်း ဌေးဦး အောင်သောင်းတို့  ပြောလိုက်ပြီ
ခင်ဦးမြို့နယ် မန်ကျည်းတုံရွာရှိ ဦးငြိမ်းမောင်၏ နေအိမ်ခြံဝင်းအတွင်း ပြုလုပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင် ဆင်ရေးဟောပြောပွဲကို လေးခွများဖြင့် ပထမဆုံးအကြိမ် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရြ။ပြီ

Jul 07, 2014 03:34 PM

အမည်မဖော်လိုသူ

ဒီလျှို့ဝှက်ေ ဆိုရင် သတင်းထောက်တွေ၊ အရပ်သားတွေ ဘယ်လိုမှမရနိုင်တဲ့ အတွင်းစည်းပုံတွေပါ။ နေ ပါတယ်
http://oi61.tinypic.com/kedpjm.jpg

Jul 07, 2014 01:41 PM

“သား မှားပြီ အမေရဲ့”

ကိုဂျင်မီ..
“ပြည်သူ့ဆန္ဒ ၊ လွှတ်တော်ဆန္ဒ” ဆောင်ပုဒ်မှာ ဆန္ဒ ၂ ခု ကို သတ်သတ်စီ ခွဲရေးထားတယ်လေ။ = ညီမျှခြင်း ထိုးမထားဘူး။ ဒီ ဆန္ဒ ၂ ခုဟာ “အတူတူပါပဲ”လို့လည်း ပြော
မထားပါဘူး။

Jul 07, 2014 03:19 AM

Pyay Nyein

နေရပ်- Myanmar

ရွှေမန်း အောင်သောင်း ဌေးဦး တို့ က ဒေါ်စု နဲ့ ၈၈ အဖွဲ့ က ဆန္ဒ ခံယူမှုတွေ ဘယ်လောက်လုပ်လုပ် လက်မှတ်တွေ ဘယ်လောက်ရရ သူတို့ အပေါ်မှာဘဲ တည်တယ် ဆိုတဲ့ သဘောပြောပြီးပါပြီ။

Jul 07, 2014 01:41 AM

အမည်မဖော်လိုသူ

ဟုတ်ပါတယ်။ သူတို့ ပြောတာတွေဟာ “အကြောင်းမဲ့”ပြောနေကြ တာ မဟုတ်ပါဘူးဆိုတာ ပြချင်တဲ့ “ဗျူ ဟာ” တခုပါ။

Jul 07, 2014 03:02 PM

ဆိုက်တခုလုံးသို့