စီးပွားရေးနဲ့ ဝန်ကြီး အပြောင်းအလဲ ဆက်စပ်


2017.08.02
phayzintun-622.jpeg ရာထူးကနုတ်ထွက်လိုက်တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း ကို တွေ့ရစဉ်
.

မြန်မာအစိုးရက သြဂုတ်လ ၁ ရက်နေ့မှာ  လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်းကို နုတ်ထွက်ခွင့်ပြုလိုက် ပြီး  ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်ကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးအဖြစ်ပါ  ပူးတွဲတာဝန်ပေးလိုက်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ စီးပွားရေးစီမံခန့်ခွဲမှုတွေနဲ့  ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က သတိထားမိကြောင်း  ပြသတဲ့ လက္ခဏာပဲလို့ အကဲခတ်တချို့က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း လျှပ်စစ်စွမ်းအင်နဲ့ ပတ်သက်လို့ အစိုးရရဲ့ ဆောင်ရွက်လုပ်ကိုင်ခဲ့ပုံ ညံ့ဖျင်းကြောင်းနဲ့ ရင်းနှီးမြှုပ်နှံသူတွေက ဒီပြဿနာအပေါ် အထူးစိုးရိမ်ကြောင်း သုတေသန ပညာရှင်တဦးက ပြောပါတယ်။

ဒါ့အပြင် လက်ရှိ စီမံကိန်းနဲ့ ဘဏ္ဍရေးဝန်ကြီး ဦးကျော်ဝင်းနဲ့ ဒုတိယဝန်ကြီးအဖြစ် ဇူလိုင် ၃၁ ရက်နေ့က ရာထူးတိုးပေးလိုက်တဲ့ ဦးဆက်အောင် တို့ဟာ အရင်စစ်အစိုးရလက်ကျန်တွေဖြစ်ပြီး သူတို့ကို ရင်းနှီးမြှုပ်နှံသူတွေက အယုံအကြည်မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။