နိုင်ငံရေး အကျဉ်းသား ၆၀ ကျော်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ၆၆ ဦးကို လာမယ့် တနင်္လာနေ့ (နိုဝင်ဘာလ ၁၉) ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ရှိတယ်လို့ RFA က စုံစမ်းသိရပါတယ်။
2012-11-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် လွတ်မြောက်လာမည့် အကျဉ်းသားများကို ရန်ကုန် အင်းစိန်ထောင် ပြင်ပတွင် မိသားစုဝင်များ စောင့်ဆိုင်းနေကြစဉ်။
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် လွတ်မြောက်လာမည့် အကျဉ်းသားများကို ရန်ကုန် အင်းစိန်ထောင် ပြင်ပတွင် မိသားစုဝင်များ စောင့်ဆိုင်းနေကြစဉ်။
Photo: AFP

နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ဖို့ရှိတဲ့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရှစ်ကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်မှာ ကျောင်းသား တပ်မတော် (ABSDF)တပ်ဖွဲ့ဝင်တွေ၊ ဖောက်ခွဲမှုနဲ့ အကျဉ်းကျသူတွေလည်း ပါဝင်မယ့် အပြင်၊သေဒဏ်ကနေ တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲထားတဲ့ နိုင်ငံရေး အကျဉ်းသားတစ်ချို့လည်း  ပါဝင်ဖို့ ရှိတယ်လို့  နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ လွတ်မြောက်လာမယ့်သူတွေထဲမှာ ကယားပြည်နယ်၊ လွိုင်ကော်ထောင်မှာ ထောင်ဒဏ် တစ်သက်ကျခံနေရတဲ့ HRDP လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ယက် ခေါင်းဆောင် ဦးမြင့်အေးနဲ့ သာယာဝတီထောင်မှာ အကျဉ်းကျနေတဲ့ ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင် ကိုလင်္ကျာထွန်းတို့လည်း ပါဝင်ဖို့ ရှိတယ်လို့ သိရပါတယ်။

မနက်ဖြန်မှာ အမေရိကန်ပြည်ထောင်စု သမ္မတ ဘရက် အိုဘားမားဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ရှိပြီး၊ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ပေးခဲ့ပြီး၊ အကျဉ်းသား ၄၅၂ ဦးကို အကျဉ်းထောင်တွေက လွှတ်ပေးခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့