စီမံကိန်း ပြီးစီးလို့ ပိုနေတဲ့ လယ်မြေ လယ်သမားများ ဝင်ရောက်ထွန်ယက်


2014.06.01
farmer-305 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်မှာ ရှိတဲ့ အေးမြသာယာမြို့ပြစီမံကိန်း ဆောက်ပြီး ပိုနေတဲ့ လယ်မြေတွေမှာ ဇွန်လ ၁ ရက်နေ့က လယ်သမား ၅၀လောက်က ဝင်ရောက်ထွန်ယက်နေစဉ်
Photo: RFA

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် မှာ ရှိတဲ့ အေးမြသာယာမြို့ပြစီမံကိန်း ဆောက်ပြီး ပိုနေတဲ့ လယ်မြေတွေမှာ ဒီနေ့ လယ်သမား ၅၀လောက်က ဝင်ရောက်ထွန်ယက်ခဲ့ကြပါတယ်။

၁၉၉၈ ခုနှစ်က အဲဒီ အေးမြသာယာစီမံကိန်း အတွက် ဆိုပြီး လယ်ဧက သောင်းဂဏန်းလောက် အထိ သိမ်း ယူခဲ့တာလို့ သိရပါတယ်။ အဲဒီသိမ်းထားတဲ့ လယ်မြေတွေထဲက မြို့ပြ စီမံကိန်းအတွက် မသုံးတဲ့ လယ်မြေတွေကို လယ်သမားတွေက ပြန်လိုချင်နေ ကြတာ ဖြစ်ပါတယ်။

ဒီနေ့ ဝင်ရောက်ထွန်ယက်ခဲ့တဲ့ အေးမြသာယာ စံပြကျေးရွာက လယ်သမား ဦးမောင်မြင့်က အခုလို ပြောပါတယ်။

"ကျနော်တို့လုပ်ကိုင်တဲ့မြေယာတွေကို လာပြီးစစ်ဆေးပါတယ်၊ တောရှင်းငုတ်ပေါ်တိုးထား တဲ့ မြေနေ ရာကို လိုက်ပြပါတယ်၊ ဒါပထမအကြိမ် ဒုတိယအကြိမ်ကျတော့ တစ်ခါလာပြီးတော့ စစ်ဆေးတယ် စစ်ဆေးပြီးတော့ရင် ကျနော်တို့ကို လက်မှတ်ထိုးခိုင်းပါတယ်၊ လက်ဗွေနှိပ်ခိုင်းပါတယ် အထက်ကို တင်လိုက်လို့ပြောပါတယ်၊ တတိယအကြိမ်ကျတော့ ကျနော်တို့ ပိုင်ဆိုင်တဲ့ သက်သေ ၄ ယောက် ကို ပေးရပါတယ်၊ သက်သေ ၄ ယောက်ကိုလည်း မေးပြီးစစ်ပြီးပါပြီ သူတို့ကိုလည်း အခုထွက်ဆိုပြီးတဲ့ အခါမှာ နောက်ထပ်ဘာမှ အကြောင်းထူးမလာတဲ့အတွက် ကျနော်တို့ ဒီအလုပ်ကိုလုပ်ရခြင်းဖြစ်ပါတယ်"

အုတ်ဖိုမြို့နယ် စမ်းကလေး၊ ပြည်တော်သာ၊ စည်တော်သာ၊ သီတာ၊ ထောက်ကြံ့ကုန်း၊ အေးမြသာယာစတဲ့ ကျေးရွာ ၁၀ က လယ်မြေဧက သောင်းဂဏန်းနီးပါးကို လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်က ပဲခူးတိုင်းအစိုးရက သိမ်းဆည်းခဲ့တာလို့ သိရပါတယ်။ အေးမြသာယာမြို့သစ်တည်ဆောက်ပြီး ကျန်နေတဲ့လယ်မြေဧက ၁၅၀၀ လောက်ရှိတယ်လို့ သိရ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။