ရခိုင်ပြည်နယ်ကို လာရောက်ကြည့်ရှုဖို့ OIC အဖွဲ့ကိုဖိတ်ခေါ်

ရခိုင်ပြည်နယ်ကို လာရောက်ကြည့်ရှုဖို့ ကမ္ဘာ့အကြီးဆုံး မူဆလင်အဖွဲ့ဖြစ်တဲ့ OIC အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကို မြန်မာနိုင်ငံက ဖိတ်ခေါ်ထားပါတယ်။

2012.08.10
u-thein-sein-turkish-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်က သမ္မတ ဦးသိန်းစိန် တူရကီ နိုင်ငံခြားရေးဝန်ကြီး Mr. Ahmet Davutoglu ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံစဉ်။
Photo: President Office

သမ္မတ ဦးသိန်းစိန်ကလည်း ရခိုင်ပြည်နယ် ပဋိပက္ခကို စုံစမ်းဖို့ ဆော်ဒီအာရေဗျ အခြေစိုက် OIC အဖွဲ့ လာရောက်တာ ကြိုဆိုကြောင်း၊ OIC အတွင်းရေးမှူးဟာ ရခိုင်ပြည်နယ်က အခြေအနေမှန်တွေကို မျက်မြင် တွေ့ရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တူရကီ နိုင်ငံခြားရေး ဝန်ကြီး အနေနဲ့လည်း မြန်မာနိုင်ငံက အခြေအနေမှန်တွေနဲ့ ပတ်သက်ပြီး OIC ကို ရှင်းပြဖို့လည်း ဦးသိန်းစိန်က တိုက်တွန်းပါတယ်။

ရခိုင်ပြည်နယ်မှာ မူဆလင်တွေအပေါ် လုံခြုံရေးတပ်တွေက ဖိနှိပ် နှိမ်နင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာအစိုးရက ပယ်ချထားပါတယ်။ ရခိုင်ပြည်နယ် တခွင်လုံး ဇွန်လ အစောပိုင်းကစလို့ အရေးပေါ် အခြေအနေ ကြေညာထားပြီး စစ်တပ်နဲ့ ရဲအဖွဲ့တွေ ထူထူထပ်ထပ် ချထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။