စစ်တွေမြို့က ဆန္ဒပြကျောင်းသားသုံးဦး အာမခံနဲ့ လွတ်မြောက်


2020-09-22
Share
rakhine-students-free-protest-622.jpg ရခိုင်ပြည်နယ်အစိုးရရုံးရှေ့ မှာ ဆန္ဒပြလို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားသုံးဦးကို လွှတ်ပေးဖို့ စစ်တွေမြို့မရဲစခန်းရှေ့မှာ ၂၀၂၀ စက်တင်ဘာ ၁၀ ရက်နေ့က ကျောင်းသားတချို့ ဆန္ဒပြတောင်းဆိုစဉ်
Photo: Ni Min Tun/RFA
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့လို့ ဖမ်းဆီးတရားစွဲဆို ခံထားတဲ့ရတဲ့ ကျောင်းသား သုံးဦးဟာ ဒီနေ့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ အာမခံနဲ့ ပြန်လွတ်လာပါတယ်။

ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်နဲ့ စုဝေးခွင့် ပုဒ်မ ၁၉ တစ်ခုတည်းနဲ့သာ တရားစွဲခံခဲ့ရတဲ့အတွက် အာမခံရလို့ လွတ်မြောက်လာတာလို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွန့်မောင်က RFA ကိုပြောပါတယ်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုတိုးတိုးအောင်၊ ကိုကျောင်နိုင်ဌေးနဲ့ ကိုဦးသန်းနိုင်တို့ သုံးဦးကို

တရားမစွဲတင်ခင် ဥပဒေရုံးကနေ ဘေးစီမံဥပဒေနဲ့ ငြိစွန်းမှုမရှိလို့ ငြိမ်းစုစီဥပဒေ ပုဒ်မနဲ့သာ တရားစွဲ သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

သမဂ္ဂအဖွဲ့ဝင် သုံးဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရုံးရှေ့မှာ ပြည် နယ်အစိုးရ အလိုမရှိ၊ မြန်နှုန်းမြင့် အင်တာနက်ဖွင့်ပေးရေးနဲ့ တပ်မတော်ကို ဝေဖန်ထောက်ပြတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

တောင်းဆိုနေခဲ့စဉ်အတွင်းမှာပဲ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးခံရတဲ့နေ့မှာပဲ စစ်တွေမြို့နယ်တရားရုံးမှာ ရဲတပ်ဖွဲ့ဘက်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ခဲ့ပြီး ချုပ်ရမန် ၁၄ ရက်ယူသွားခဲ့တာဖြစ်ပါတယ်။

သူတို့သုံးဦးကို လာမယ့် အောက်တိုဘာလ ၆ ရက်နေ့မှာ စစ်တွေမြို့နယ် တရားရုံးမှာ ပထမအကြိမ်ရုံးထုတ်မှာ ဖြစ်ပါတယ်။ ပုဒ်မ ၁၉ ဟာ အများဆုံး ထောင်ဒဏ် သုံးလအထိ ချခံရနိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့