တန်းတူအခွင့် အရေးတောင်းဆိုမယ်လို့ ရှမ်းနီခေါင်းဆောင်တွေ ပြောကြား

2016-02-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ကကျင်းပတဲ့ ရှမ်းနီ (တိုင်းလိုင်) အမျိုးသားညီလာခံကို တွေ့ရစဉ်။
ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ကကျင်းပတဲ့ ရှမ်းနီ (တိုင်းလိုင်) အမျိုးသားညီလာခံကို တွေ့ရစဉ်။
Photo: Sai Chit

တိုင်းရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ တန်းတူညီမျှ အခွင့်အရေးတွေကို မဆုံးရှုံးစေဖို့ လာမယ့်အစိုးရ သစ်လက်ထက်မှာ ပြုလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တင်ပြသွားမယ်လို့ ရှမ်းနီ (တိုင်းလိုင်) တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

ဒီကနေ့ ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့ကျောင်းပရိယတ္တိစာသင်တိုက် သာသနာ့ဗိမ္ဗာန်မှာ ကျင်းပနေတဲ့ ပထမအကြိမ် ပြည်နယ်လုံးဆိုင်ရာ ရှမ်းနီ (တိုင်းလိုင်) အမျိုးသားညီလာခံမှာ ညီလာခံဖြစ်မြောက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းချစ်ငွေက ပြောပါတယ်။

"တိုင်းရင်းသား တန်းတူရည်တူအခွင့်အရေးတော့ ရချင်တာပေါ့ဗျာ အားလုံးပဲ၊ အဲ့ဒီအတွက်တော့ ကျနော် တို့ ပြောစရာမရှိပါဘူး၊ တန်းတူရည်မျှအခွင့်အရေးနဲ့ ကြည့်ရင်တော့ တိုင်းရင်းသားတွေအားလုံး ပြည်နယ် တစ်ခုပေးလိုက်တာနဲ့ ကိုယ့်ကိုယ်ပိုင်ဖြစ်ပြီးမှ အိမ်ရှင်ကဧည့်သည်ဖြစ်၊ ဧည့်သည်ကအိမ်ရှင်ဖြစ်သလိုမျိုး ခံစားနေရတာပေါ့ အားလုံးကို၊ ဒါ ကျနော်တို့ သမိုင်းအထောက်အထားအရ အားလုံးရှိတာပဲလေ၊ အဲ့ဒီအတွက်ကြောင့်မို့ တန်းတူရည်တူ မရဘူးဆိုတာ တွက်ဆလို့ရတာပဲလေ၊ ပြည်နယ်အစိုးရအဖွဲ့မှာ ကြည့်လိုက်ရင်သိပါတယ်၊ အခုဖွဲ့ထားတဲ့ဥစ္စာ ကျနော်တို့မသိသေးပါဘူး၊ ဘယ်လူမျိုးက ဘယ်လောက် ပါတယ်၊ ဘယ်လူမျိုးက ရာခိုင်နှုန်း ဘယ်လောက်ပါတယ်ဆိုတာ၊ အဲ့ဒီမှာ ကြည့်လိုက်တာနဲ့ တိုင်းရင်းသား တန်းတူရည်တူ အခွင့်အရေးမရှိဘူးဆိုတာ ထင်ရှားနေတာပေါ့၊ ဒီလို ညီလာခံတွေ ခဏခဏ ကျင်းပခြင်းအားဖြင့် ကျနော်တို့ လူမျိုးတွေရဲ့ နိုင်ငံရေးအားနည်းချက်တွေ အားသာချက်တွေသိလာရင် တစ်နေ့နေ့ကျရင် အဲ့ဒါဖြစ်လာမယ်လို့မျှော်မှန်းတာပေါ့"

နိုင်ငံရေးနဲ့ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ လယ်ယာမြေနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စတဲ့ မူဘောင် ငါးချက်ကို အခြေခံပြီး ဆွေးနွေးနေကြတာဖြစ်ပြီး စာတမ်းပြုစုထားမှာဖြစ်ပါတယ်။

ဆွေးနွေးပြီးရရှိလာတဲ့ စာတမ်းတွေကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနဲ့ NLD ပါတီ အစိုးရလက်ထက် မှာ ပြုလုပ်ဖို့ရှိတဲ့ ညီလာခံမှာ တင်သွင်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ရှမ်းနီတိုင်းရင်းသားတွေကို တိုင်းလိုင်၊ တိုင်းလျန်၊ တိုင်းနိုင်း၊ ရှမ်းဗမာ၊ မြေလတ်ရှမ်း၊ ရှမ်းကလေး စသဖြင့် အမည်မျိုးစုံနဲ့ ခေါ်ဆိုနေကြတာပါ။

ရှမ်းနီလူမျိုးတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်၊ ကချင်ပြည်နယ်မှာ ဗန်မော်၊ မိုးညှင်း၊ မြစ်ကြီးနား၊ စတဲ့ ခရိုင်သုံးခုနဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက အင်းတော်၊ ကသာ၊ ဟုမ္မလင်း၊ ခန္တီး၊ မော်လိုက် စတဲ့ဒေသတွေအပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ ပျံ့နှံ့နေထိုင်ကြပြီး စုစုပေါင်း လူဦးရေ နှစ်သန်းဝန်းကျင်လောက် ရှိပါတယ်။

ဒီကနေ့ကနေ စတင်ပြီး နှစ်ရက်ကြာပြုလုပ်နေတဲ့ ညီလာခံကို ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မန်စီ၊ ဖားကန့်၊ ဟိုပင်၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီး စတဲ့ ဒေသတွေက ရှမ်းတိုင်းရင်းသား ၁ဝဝဝ ကျော် တက်ရောက်နေကြတာဖြစ်ပါတယ်။

ကွန်မင့်များ (7)
Share

ဖက်​ဒရယ်​ဆိုသည်​မှာ

ဖက်ဒရယ်ဆိုတာ Foedus ဆိုတဲ့လက်တင် စကားက ဆင်း သက်လာပီး မတူအုပ်စုများ သဘောတူညီစွာနေထိုင်ခြင်းဖြစ်ပီး ယင်းမတူညီသည့်အုပ်စုများသည် မိမိတို့ ကျွမ်းကျင်မူများ ကို ယင်းတို့နယ်မြေတိုးတက်ရေးအတွက် တဦးကိုတဦးမျှဝေခြင်းဖြစ်တယ်။ဒါကို ပြည်ထောင်စုစိတ်လို့ခေါ်ပါတယ်၊အခုအစွန်းရောက်ပဲပြောပြော နားမလည်တာလို့ပဲဆိုဆို အထက်ပါကဲ့သို့တိုင်း ရင်း သားတချို့က A ကသီးခြားနေ မယ် B C D တွေမ လာကြ နဲ့တနိုင်ငံလုံးမှာရှိ တဲ့ Aတွေလာ စုကြဖြစ်နေပါတယ်၊ဒါဆို A က BCD ရဲ့အ လယ် မှာ ရှိနေပီး ကုန်းပိတ်လည်းဖြစ်နေပီး စိုက်ပျိုးမြေက လည်းမရှိ၊BCD နဲ့အဖက်မလုပ်ပဲနေလို့ရမလား၊ဒီကုန်းပိတ်ထဲမှာပဲ A အားလုံး က နေပီး ရေကြည်ရာမျက်နုရာမပြောင်းရွေရတော့ဖူးလား၊ဒါကြောင့်ခေါင်းဆောင်တွေအယူအဆအတွေးအခေါ်မှားရင် မလိုလားအပ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ် နိုင်ပါတယ်။ဒါကြောင့် ဘယ်တိုင်းရင်းသားခေါင်းဆောင်မဆို အမြင်ကျယ်ပီး အစွန်းမရောက်ဖို့လိုအပ်ပါတယ်။

Mar 02, 2016 10:37 PM

Ocean ထဲက ဖားများဖြစ်​ပါ​စေ

စင်္ကာပူမှာဆိုရင် မြန်မာလူမျိုး ကချင်လူမျိုး မွန်လူမျိုး ရှမ်း လူမျိုး-စင်္ကာပူနိုင်ငံသားရှိသလို မလေးလူမျိုး ဗီယက်နမ်လူမျိုး ထိုင်းလူမျိုး ဗြိတိန်လူမျိုး-စင်္ကာပူနိုင်ငံသားတွေနေပါ တယ်။အလာတူ အမေရိကားဂျာမဏီမှာလည်း ဒီအတိုင်း ပါ ပဲ၊သူတို့ရောက်နေတဲ့နေရာဒေသမှာစင်္ကာပူ အမေရိကန် ဂျာမဏီနိုင်ငံသား ဆိုပီး ယင်း နိုင်ငံသားစိတ်ဖြင့် နေထိုင်တဲ့ အတွက် ယင်းနိုင်ငံများ သည် နိုင်ငံတကာမှာရှန်း၂တောက်နံမည်ကြီးဖွံြဖြိုးတိုး တက်နေပါ တယ်၊ယင်းကို ပြည်ထောင်စု စိတ်ဓာတ်ခေါ်ပါတယ်၊ မြန်မာနိုင်ငံမှာကေတာ့ ကိုယ်ဘယ်နေရာမှာရှိ၂မြန်မာနိုင်ငံသား စိတ်မရှိဖြစ်နေပါတယ်ပါးစပ်ကသာပြည်ထောင်စုစိတ်ပြောနေပေမဲ့ လက်တွေ မှာလူမျိုးရေးအမြင်ကျဉ်းမြောင်းမူများဖြစ်နေတဲ့အတွက် မြန်မာပြည်သည် ပြည်တွင်းစစ်ဒဏ်များဖြင့်ဆင်းရဲနေတာပါ။အမေစုပြောသလို ပေးဆပ်ခြင်စိတ်ရှိရမဲ့ အစား အမြင်ကျယ်ပီး နား လည်မူရှိရမဲ့အစား ငါမှငါတွေနဲ့ လောဘရယူ လိုစိတ်တွေ သာများနေကြတာပါ။မြန်မာဆိုတဲ့ စိတ်မထားနိုင်သရွေ ဘယ် ပုံစံဖက်ဒရယ်ပဲလုပ်လုပ် အနှစ်သာရမဲ့ဖက်ဒရယ်ပါပဲ၊ရေအိုင်ထဲကဖားသူငယ် ဘဝသာဖြစ်ပါလိမ့်မယ်၊ဒါကြောင့်Ocean ထဲရောက်နေတဲ့အမြင်ကျယ်တဲ့ဖားများဖြစ်ပါစေ။

Mar 02, 2016 04:18 AM

လုပ်​ကုန်​မှာ​ပေါ့

အထက်ကတင်ပြသလိုဆိုရင် ကချင်ပြည်နယ်မှာ ရှိတဲ့ မိုးညှင်းမိုးကောင်း ပူတာအို စသည်တို့သည် ရှမ်းနံမည်ဖြစ်ပီး တချိန်က ရှမ်းများနေခဲ့တာပါ။အလား တူ အခြားတိုင်းရင်း သားများသည်လည်း မိမိတို့မူရင်နေရပ်များမှ ရေကြည်ရာ မျက်နုရာရွေပြောင်းရင်း တနိုင်ငံလုံးရောနှောသွားတာပါ။ဥပမာ မွန်ခမာဘာသာစကားပြောသူများ သည် မြန်မာပြည်မြောက်ပိုင်းကနေတဖြည်း၂အောက်ဖက်ဆင်းလာတာ ရှိ သလို မြောက်ဘက်ကိုပြန့်သွားတာလည်းရှိပါတယ်။သမိုင်း နဲ့ချီပီးပြောနေရင် လူမျိုးများရဲ့မူရင်းနေရာသည် ယခုရှိနေတဲ့နေရာမဟုတ်ပါဖူး၊ ဒါဆို ဥပမာ ရှမ်း နီရဲ့မူရင်းက တရုတ်ပြည်ဆိုရင် ရှမ်းနီအားလုံးတရုတ်ပြည်ပြန်ကြ လုပ်လို့ မရပါဖူး၊ဒါကြောင့်တိုင်းရင်းသားများအမြင်ကျယ်ဖို့လိုပါတယ်၊ဒီလိုသာ ရှမ်းနီလို ကျန် ethnic / Tribes တွေကလည်း လူက ၁၀၀၀လောက်ရှိလည်းပြည်နယ်တခုပေးလုပ်ကုန်မှာပေါ့

Mar 01, 2016 08:36 AM

လူသားဆန္​ဖို ႔အဓိကပါ

သူပြောတဲ့အတိုင်းဆိုတရုတ်ပြည်မှာ မြန်မာပြည်က ကချင်လူမျိုး နဲ့မျိုးနွယ်စုတူတဲ့ကချင်ရှိသလို ယိုးဒယားမှာလည်း မြန်မာပြည်က ရှမ်းမွန်ကရင်တွေနဲ့ လူမျိုးတူတာတွေရှိပါတယ်၊အဲလိုပြန့်ကျဲနေလို့ အိမ်နီးချင်းနိုင်ငံက ငါ့နဲ့မျိုးတူတာတွေမင်း တို့ဆီမှာရှိတယ် ငါ့ကိုပေး၊ဒီလိုပဲမြန်မာပြည်ကလည်း အဲဒီ က မျိုးနွယ်စုတူတာတွေက ငါနဲ့အတူတူပဲငါ့ကိုပေးပြည်နယ်လုပ်မယ်လို့လုပ်လို့မရ ပါဖူး၊တကယ်တော့ ပင်မ ၈ခုကနေပွားပီး ဖြစ်လာတဲ့ မျိုးနွယ်တိုင်းရင်းသားညီအကိုမောင်နှမတွေကို ဂုဏ်ဖော်ပီး ပြည်ထောင်စုစိတ်ဖော်ညွှန်းတာပြည်ထောင်စု စိတ်မဖြစ်ပဲ အခုလို အယူအဆလွဲတာတွေဖြစ်လာပုံပဲ၊Globalization ခေတ်ကြီးမှာယခုလို အမြင်ကျဉ်းမြောင်းတာတွေက မရှိသင့်တော့ပါဖူး၊ လူမျိုးအားလုံးကရောနှောနေနေကြတာ နောင်ဆို မြန်မာ-ရှမ်းနဲ့အမေရိကန်ယူ တာတွေ၊ကချင်နဲ့တရုတ်ယူတာတွေ မွန်နဲ့ ပြင်သစ်ယူတာတွေပိုရှိ လာပီး အခုလည်းရှိနေပါတယ်...အဓိကတန်း တူ ညီမျှမူ ဆိုတာ ဘယ်လူမျိုး ဘယ်နိုင်ငံသားဖြစ်၂ သူရှိနေတဲ့နေရာမှာ လူအခွင့်ရေးအပြည့်ရပီးလူသားဆန်၂နေထိုင်နိုင်ဖို့ ပါ၊

Feb 29, 2016 06:25 AM

တန်းတူအခွင့်​အ​ရေးဆိုသည်​မှာ

တကယ်တော့ ကချင် ကယား ကရင် ချင်း မွန်ဗမာ ရခိုင်ရှမ်း ဆိုပီး ပင်မ ၈ ခုပဲရှိပီး လွတ်လပ်ရေးရသည့်အချိန် နိုင်ငံတော်အလံမှာ ရှိတဲ့ကြယ်ပွင့်က ယင်းကိုကိုယ်စားပြုပါတယ် ၊ကချင်မှာထပ်ပီး လီးဆူး ရဝမ် ဂျိန်ဖော် စသည်ဖြင့် ထပ်ကွဲ သွားသလို အခြားမှာလည်းဒီအတိုင်းပါပဲ၊ယင်းကတဆင့် ၁၃၅မျိုး ဆိုပီးဖြစ်သွားတာပါ။အောက်ကပြောသလို ၁၃၅ပြည်နယ်လုပ်လို့မရပါဖူး၊ရှမ်းနီတွေရှမ်းပြာတွေနဲ့ ကရင်နီ ကရင်ပြာတွေနဲ့ ကရင်ရှမ်းကတမျိုး ရှမ်းဗမာကတဖုံ ချင်းဗမာက တမျိုး ရှမ်းကချင်ကတမျိုး မွန်ကရင်ကတမျိုးနဲ့ အကုန်ရှုတ်ကုန်မှာပေါ့၊တန်းတူအခွင့်ရေးဆိုတာ ဘယ်တိုင်းရင်းမဆို ဘယ်ပြည်နယ်တိုင်းမှာနေနေ မြန်မာလူမျိုးဆိုတဲ့အောက်ကပြောတဲ့အတိုင်းပြည်ထောင်စု စိတ်ကိုပြောတာပါ လူမျိုးအနေ နဲ့ကရှမ်းဖြစ်ခြင်ဖြစ်မယ်ရခိုင်ဖြစ်ခြင်ဖြစ်မည် နိုင်ငံသားသည်မြန်မာပါဒီစိတ်ရှိမှငြိမ်းချမ်းရေးနဲ့ အတူ ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်နိုင်မှာပါ။အမြင်ကျယ်ကြပါ။

Feb 29, 2016 05:54 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့