သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာ အမည် ခွင့်မပြုကြောင်း မြန်မာ အစိုးရ ပြောကြား

2014-03-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သန်းခေါင်စာရင်း ကောက်ခံမှု အသိပညာပေး လက်ကမ်း စာစောင်တွေကို တွေ့ရစဉ်
သန်းခေါင်စာရင်း ကောက်ခံမှု အသိပညာပေး လက်ကမ်း စာစောင်တွေကို တွေ့ရစဉ်
Photo: RFA

၂ဝ၁၄ သန်းခေါင်စာရင်းပုံစံမှာ ရေးသွင်းတဲ့အခါ ရိုဟင်ဂျာဆိုတဲ့ အမည်ကို ထည့်သွင်းခွင့်ပြုမှာ မဟုတ်ကြောင်း မြန်မာအစိုးရက ဒီကနေ့ တရားဝင် ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ ၆ဝ ကျော်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်း ကောက်ယူမှုအတွင်း ရိုဟင်ဂျာအမည်နဲ့ ပတ်သက်လို့ ဘယ်လို ကောက်ယူ သွားမလဲလို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ဦးရဲထွဋ်က အခုလို ဖြေကြားခဲ့တာပါ။

"အိမ်တစ်အိမ်ကို မေးတဲ့အခါမှာ သူက ရိုဟင်ဂျာလို့ ဖြည့်ချင်တယ်ဆိုရင် ကျနော်တို့ ဒါဆက်ပြီးတော့ လက်ခံမှာမဟုတ်ဘူး၊ သူ့ကို ဘင်ဂါလီလို့ဖြည့်ရင်ရမယ်၊ တခြားသက်မှတ်ထားတဲ့ ကုဒ်နံပါတ်တွေ ဖြည့်ရင်ရမယ်၊ ဒီရိုဟင်ဂျာ လို့ပြောရင်တော့ ကျနော်က စာရင်းရေးသွင်းမှာ မဟုတ်ဘူး"

ရခိုင်တိုင်းရင်းသားတွေကလည်း သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာအမည်ကို ထည့်သွင်းခွင့်မပြုဖို့ အတွက် ရခိုင်ပြည်နယ်က မြို့နယ် ၁ဝ မြို့နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဆန္ဒပြတောင်းဆိုခဲ့ကြသလို စစ်တွေမြို့မှာ သာသနာ့အလံလွှင့်ထူပြီး သန်းခေါင်စာရင်းကို သပိတ်မှောက် ဆန္ဒပြတာတွေလည်း ရှိနေပါတယ်။

၂ဝ၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မနက်ဖြန် မတ်လ ၃ဝ ရက်နေ့က စတင်ကောက်ယူမှာဖြစ်ပြီး ဧပြီလ ၁ဝ ရက်နေ့အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင် ဘာသာဝင်တွေကြား အထင်အမြင်လွဲမှားမှု တချို့ရှိနေတာတွေကို နားလည်မှုရရှိသွားအောင် ဝိုင်းဝန်းကြိုးစားသွားမယ်လို့ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ဝီရသူနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့က ဒီကနေ့ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (5)
Share

အမည်မဖော်လိုသူ

CENTRAL GOV AND AUTHORITIES IN RAKHINE ARE HANDS IN GLOVE IN CHAOTIC SITUATION IN RAKHINE. CENTRAL GOV PULLING THE STRING BEHIND THE SCENE.

Mar 30, 2014 11:05 AM

(

Myanmar government must take action to arrest Rohingya terrorists in Myanmar. They have absolutely threatened the Myanmar national interest, national security, territorial integrity and national sovereignty. Myanmar government should learn from USA how to handle and tackle Jihad Terrorist. U.S. government is zero-tolerance any such as kind of Terrorist movement and action. They always protect their citizens and make "NATIONAL SECURITY IS TOP PRIMARY TASK." The Rohingya Terrorist groups have already lived in Myanmar. This is too dangerous for Myanmar.

Mar 30, 2014 04:38 AM

NATIVE

နေရပ်- BURMA

It is good leader whose decision our future is for our native,so you dont need to care about other country's pressure, because they never helped us when we tried for our independence, so no foreigner tried our Independence only our native did it, so you provide your native need it is true.

Mar 30, 2014 04:34 AM

အမည်မဖော်လိုသူ

ရိုဟင်ဂျာမွတ်စလင်အများစုရဲ့ စကားက သူတို့ ဘာပဲဖြစ်ဖြစ် သူတို့မှာ “အဖေ”ရှိတယ်လို့ ပြောတတ်ကြကြောင်း ပြောကြတယ်။ သူတို့အဖေလို့ပြောတာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကို ရည်ညွန်းပြီး ပြောဆိုကြတာပါ။
“သူတို့တွေ ပြောဆိုတာ ဘယ်တော့မှ မယုံရဘူး။ အလိမ်အညာတွေ အမြဲပြောတယ်။ အဲဒီလိုပြောမှလည်း သူတို့ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း ထောက်ပံ့ပေးတာတွေ ရမှာလေ။ သူတို့နောက်ကွယ်မှာလည်း UN, OIC ,HRW,INGO,NGO , Arakan Project,MSF မြှောက်ပေးတဲ့သူတွေက ရှိနေတယ်။

Mar 30, 2014 02:46 AM

Justicizer

If Rohingyas are not allowed to enter their race as Rohingya, then Rakhines and other races who object it should also not be allowed to enter their races as Rakhine, etc. If you do not recognize Rohingya as legitimate ethnics, which dog will recognize your ethnicity of Myanmar?

Mar 29, 2014 10:55 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့