ဒုက္ခသည်ပြန်ခေါ်ရေး မြန်မာကို ဖိအားပေဖို့ ဘင်္ဂလားဒေ့ရှ် ထပ်မံတိုက်တွန်း

2019-04-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ် ဟာဆီနာကို တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ် ဟာဆီနာကို တွေ့ရစဉ်
Photo: Munir UZ ZAMAN / AFP

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူရေးအတွက် မြန်မာအစိုးရကို ဖိအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာက ဗြိတိန်အပါအ၀င် နိုင်ငံတကာကို ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ဓနသဟာယနဲ့ နိုင်ငံခြားရေးရာရုံးမှာ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဗြိတိန်ဝန်ကြီး Mark Field နဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တာပါ။

ဒုက္ခသည်တွေ၊ အထူးသဖြင့် လူငယ်တွေအနေနဲ့ အလုပ်အကိုင်ကလည်းမရှိ၊ မူလနေရပ်ပြန်ဖို့ကလည်း မရေရာတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပြီး၊ ဒုက္ခသည်အရေအတွက်က ဌာနေနိုင်ငံသားတွေထက် ပိုများနေတာက ကြီးမားတဲ့ ပြဿနာဖြစ်နေကြောင်း၊ မိုးရာသီရောက်ပြီဖြစ်လို့ အခြေအနေပိုဆိုးလာမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးကလည်း ဒုက္ခသည်တစ်သန်းကျော်ကို လက်ခံထားရတာဟာ ကြီးမားတဲ့ ၀န်ထုပ်ဝန်ပိုးဖြစ်ကြောင်း။ ဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေကို သိလိုကြောင်း ပြောပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

Those refugees seemed intentionally/ by plotted drove out. Who did it ? Please UN should investigate very detail.

Apr 07, 2019 11:53 PM

ဆိုက်တခုလုံးသို့