နိုင်ငံရေးသမားတွေရဲ့အသုံးချခံ မဖြစ်ဖို့ ရွှေညဝါ ဆရာတော်ကို အာဏာပိုင်တွေ လျှောက်ထား
2012.02.16
ရွှေညဝါဆရာတော် ဦးပညာသီဟ
(ဒီမိုဝေယံ website)
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဒါယကာတစ်ဦး ရောက်လာပြီး လျှေက်ထားခဲ့တာပါ။
ဆရာတော်က မိမိအနေနဲ့ ပါတီနိုင်ငံရေး လုပ်နေတာ မဟုတ်ကြောင်း လှိုင်သာယာ မီးဘေးဒုက္ခသည်တွေကို ကူညီဖို့ မိမိ
သာဓုကျောင်းတိုက်က မထွက်ခွာခင်မှာ ဆွမ်းခံကြွနေတာသာဖြစ်ကြောင်း ပြန်လည် မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့မနက် ၈ နာရီကနေ ၁၀ နာရီလောက်အထိ ရွှေညဝါဆရာတော်ဟာ သံဃာအပါး ၅၀၀၊ သီလရှင်အပါး ၂၀၀ လောက်နဲ့အတူ
ရန်ကုန်မြို့ သာဓုကျောင်းတိုက်နားက ကြည့်မြင်တိုင်၊ သာဓုစတဲ့ ရပ်ကွက်တွေမှာ ဒုတိယမြောက်နေ့အဖြစ် ဒါယကာ ဒါယိကာမတွေကို
နှုတ်ဆက်တဲ့အနေနဲ့ ဆွမ်းခံကြွခဲ့ပါတယ်။ ဒီကနေ့မနက် ဆွမ်းခံကြွရာမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ Generation Wave
မျိုးဆက်သစ် လူငယ်များအဖွဲ့၊ ဗကသနဲ့ သံလျင်က ကရုဏာအဖွဲ့ လူငယ်တွေက ဆွမ်းခံကြွသံဃာတွေအတွက် ဝေယျာဝစ္စ ပါဝင်
ဆောင်ရွက်ပေးခဲ့ကြပါတယ်။
ရွှေညဝါ ဆရာတော်ဟာ လာမယ့် ၁၉ ရက်မှာ ကြည့်မြင်တိုင် သာဓုကျောင်းတိုက်က နောက်ဆုံးထား ထွက်ခွာပေးရမှာဖြစ်ပြီး
မှော်ဘီမြို့နယ်မှာ သွားရောက် သီတင်းသုံးဖို့ လတ်တလော စီစဉ်ထားကြောင်း ဆရာတော်က မိန့်ပါတယ်။









