စင်္ကာပူ သင်တန်းကျောင်း မြန်မာနိုင်ငံကို လွှဲမည်

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ စင်္ကာပူနိုင်ငံ ဝါရင့် ဂုဏ်ထူးဆောင်ဝန်ကြီး ဂိုချောက်ထောင်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တွေ့ဆုံခဲ့ပြီးစင်္ကာပုူမြန်မာသက်မွေးပညာသင်တန်းကျောင်း SMVTI တည်ထောင်မူဆိုင်ရာ နားလည်မှုစာချွန်လွှာကို ထပ်မံသက်တမ်းတိုး လက်မှတ်ရေးထိုးပွဲကို မနေ့ကကျင်းပခဲ့ပါတယ်။

လက်မှတ်ရေးထိုးထားတဲ့ အသက်မွေးပညာသင်ကျောင်းကို မြန်မာနိုင်ငံဘက်က ငွေကြေးနဲ့ အုပ်ချုပ်မှုလုပ်ငန်းများ ကို တဖြည်းဖြည်းတိုးပြီး လက်ခံဆောင်ရွက်သွားဖို့ရှိပြီး စင်္ကာပူနိုင်ငံဘက်က နည်းပညာနဲ့ အုပ်ချုပ်မှုကျွမ်းကျင်ရေး အတွက်ဆက်ပြီး အကူအညီတွေ ပေးသွားမှာဖြစ်ပါတယ်။ ဒီဆောင်ရွက်မှုတွေအတွက် မြန်မာသမ္မတ ဦးထင်ကျော် ကကျေးဇူးတင်ရှိပြီး မြန်မာစင်္ကာပူတို့ရဲ့ မိတ်ဆွေရင်းခြာဆက်ဆံရေးကိုလည်း အသိအမှတ်ပြုတယ်လို့ ပြောဆို ခဲ့တယ်လို့ စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

အခုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့တဲ့ကျောင်းဟာ စင်္ကာပူပညာရေးဌာနက တည်ထောင်ပေးခဲ့တဲ့ကျောင်းဖြစ်ပြီး စင်္ကာပူနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့စင်္ကာပူအသက်မွေးမှုနည်းပညာကျောင်းပုံစံ ဖွင့်လှစ်ခဲ့တာပါ။ ကျောင်း က အောင်မြင်ပြီးဖြစ်တဲ့ သင်တန်းသား ၇၀၀ အနက် ၆၆ ရာခိုင်နှုန်းဟာ ကျောင်းကဆင်းဆင်းခြင်းဆိုသလို အလုပ်ရရှိခဲ့ပြီး သင်တန်းသားတွေထဲက ထိပ်တန်းက အောင်မြင်ခဲ့သူ ၁ဝ ဦးဟာ လက်ရှိ စင်္ကာပူမှာ အလုပ်ရရှိခဲ့ပါတယ်။ ဒီကျောင်းကနေ ခရီးသွားလုပ်ငန်းဆိုင်ရာ၊ လျှပ်စစ်ကျွမ်းကျင်မှုနဲ့ လျှပ်စစ်ဆိုင်ရာစီမံခန့်ခွဲမှုများ အင်ဂျင်နီယာဝန်ဆောင်မူ လုပ်ငန်းများဆိုင်ရာစတဲ့ ဘာသာရပ်တွေကို သင်ကြားပေးခဲ့တာဖြစ်ပါတယ်။