ရှမ်း စစ်ပြေးဒုက္ခသည်တွေအတွက် SNLD ဦးဆောင် အလှူခံ


2015-11-28
Share
snld-shan-refugees-620.jpg ရှမ်းစစ်ပြေးဒုက္ခသည်တွေအတွက် SNLD ကျားခေါင်းပါတီက မူဆယ်မြို့မှာ နိုဝင်ဘာလ ၂၈ ရက်နေ့က အလှူငွေ လိုက်လံကောက်ခံနေစဉ်
Photo: RFA

ရှမ်းပြည်နယ် မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက် ရည်ရွယ်ပြီးတော့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက အလှုငွေကောက်ခံပြီးတော့ ကူညီသွားမယ်လို့သိရပါတယ်။

တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အလှုငွေတွေကို မနေ့ မနက်က စတင်ပြီး     SNLD ကျားခေါင်းပါတီက  မူဆယ်မြို့ မှာ နေရာအနှံ့ လိုက်လံကောက်ခံနေခဲ့ကြောင်း ဦးဆောင်တစ်ဦးဖြစ်သူ  ဒေါ်နန်းခမ်းကျင် က RFA ကို ပြောပြပါတယ်။

"စစ်ဘေးဒုက္ခသည်တွေအတွက်ပါ ဒုက္ခရောက်နေတဲ့လူတွေ အတွက် ကျမတို့ လိုအပ်တဲ့နေရာပေါ့ သူတို့လိုရာသုံးဖို့ အဆောက်အဦးတွေဘာတွေ နဲနဲပါးပါးလိုတာတို့ သူတို့အဆင်မပြေတာတွေ တော်တော်များများရှိတယ်လို့ ပြောသံကြားပါတယ်။ ကျန်တဲ့ ရှမ်းယဉ်ကျေးမှုလူငယ်တွေလဲ ကောက် ပါတယ်။ ဘယ်လူမျိုးဖြစ်ဖြစ်ပေါ့ ဒုက္ခမရောက်စေချင်ပါဘူး ဘယ်နေရာ ဘယ်ဌာနကပဲဖြစ်ဖြစ် ကျမတို့ကူညီချင်ပါတယ်။ ဘယ်တိုင်းရင်း သားဖြစ်ဖြစ်ပေါ့ စစ်ဖြစ်တဲ့အတွက်ကို ရပ်နားစေချင်တယ်"

အဖွဲ့ဝင် ၁ဝ ယောက်နဲ့ မူဆယ်မြို့အမှတ်တစ်၊ အမှတ်နှစ် ဈေးထဲနဲ့ အပြင်ဘက်က ဆိုင်ခန်းတွေပါ လိုက်လံကောက်ခံနေတာဖြစ်ပြီး မနေ့ကမှ စကောက်တာဖြစ် လို့  အလှုငွေလက်ခံရရှိတဲ့ အရည်အတွက်ကို မသိရသေးဘူးလို့လဲ ပြောပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း sspp/ssa နဲ့ အစိုးရတပ်တွေအကြားဖြစ်တဲ့ တိုက်ပွဲတွေကြောင့် မိုင်းရှုး၊ ကျေးဆီးနဲ့ မိုင်းနောင် မြို့နယ်အတွင်း က ဒေသခံပြည်သူလူထု တစ်သောင်းကျော်ဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင် နေရပါတယ်။ သူတို့ဟာ စားဝတ်နေရေး အခက်အခဲဖြစ်နေတာကြောင့်၊ ပါတီ အဖွဲ့အစည်းနဲ့ လူမှုအဖွဲ့အစည်းအမျိုးမျိုးက ပုံစံအမျိုးမျိုးနဲ့ အကူအညီတွေ ပေးနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့