ဖားကန့်ကျောက်စိမ်းဒေသကို ပြည်နယ်အစိုးရအဖွဲ့ သွားရောက်စစ်ဆေး


2018.11.22
arti-yawhan-622.jpg လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန် ကို တွေ့ရစဉ်
Photo: Elizabeth/RFA

ကချင်ပြည်နယ် ကျောက်စိမ်းတွင်းဒေသ ဖားကန့်မြို့နယ်မှာ လှိုဏ်ဖောက်ပြီး တူးဖော်ရတဲ့ ခေါင်းငုံ့ကျင်း တူးဖော် လုပ်ကိုင်ခွင့် ၆၀ ခုနဲ့ မြေဇာပစ်လမ်းကြောင်း ဖောက်လုပ်ခွင့် ၂၇ ခုကို ခွင့်ပြုသင့်ကြောင်း ပြည်ထောင်စုအစိုးရကို ပေးပို့တင်ပြသွားမယ်လို့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန် က ပြောပါတယ်။

ဖားကန့်ဒေသကို သွားရောက်စစ်ဆေးခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက ဒီနေ့ သွားရောက်မေးမြန်းရာမှာ ကုမ္ပဏီပေါင်း ၃၉ ခုက တင်ပြလာတဲ့ လှိုဏ်တူးကျင်း လုပ်ပိုင်ခွင့် ၈၆ ခုထဲက ၆၀ နဲ့ မြေဇာပစ်လမ်းကြောင်းဖောက်ခွင့်အတွက် လျှောက်ထားတဲ့ ၇၀ ထဲက ၂၇ ခုကို ခွင့်ပြုသင့်ကြောင်း စစ်ဆေးတွေ့ ရှိခဲ့တယ်လို့ ဦးအားတီယောဟန် က ပြောပါတယ်။

ကျောက်စိမ်းတူးဖော်လုပ်ပိုင်ခွင့်အတွက် လာမယ့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့  ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ပေးဖို့ သင့် မသင့် စိစစ်ဖို့ ဖားကန့်ကို သွားရောက်စဉ်မှာ ဒီကိစ္စကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။

ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေနဲ့ ရေမဆေးကျောက်ရှာဖွေသူတွေ မကြာခဏဆိုသလို အငြင်းပွားမှုတွေရှိသလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွားပြီး ရေမဆေးသမားတစ်ဦး သေဆုံးခဲ့တာလည်းရှိခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂါန်မာ ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။