ဒီအစီအစဉ်ကို ကန့်ကွက်တဲ့အရပ်ဘက်နဲ့ လူ့အခွင့်အရေးအဖွဲ့ ၁၂၃ ဖွဲ့က ဇူလိုင် ၁၈ ရက်မှာ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့။
သေဆုံးသူတွေထဲမှာ မိန်းကလေး ၅၄ ဦးနဲ့ ယောက်ျားလေး ၆၇ ဦး ပါဝင်၊ အငယ်ဆုံးက အသက် နှစ်လအရွယ် ယောက်ျားလေးတစ်ဦး ဖြစ်ဟုဆို။
ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာ လေးရက်ခန့်ရှိလာပြီဖြစ်ပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေ။
RFA ရေဒီယိုနဲ့ရုပ်သံ အထူးအစီအစဉ် ၂ဝ၂၆ စက်တင်ဘာ ၁၁ ရက်၊ သောကြာနေ့
တိမ်းရှောင်နေရတဲ့ရွာတွေထဲမှာ မြိုင်က တဲကြီးရွာ၊ ကျောက်ခွက်ရွာနဲ့ ပေါက်က နသတ်ရွာ၊ ဆုံကုန်းရွာတို့ ပါဝင်။
တောင်းဆိုခဲ့တဲ့ရက်တွေအတွက် လုပ်ခလစာမဖြတ်ဖို့ အလုပ်သမားဌာနက ညွှန်ကြားထားပေမယ့် အလုပ်ရှင်ဘက်က ဖြတ်တောက်ခဲ့။
ဒီတိုက်ခိုက်မှုကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်တချို့ ယာယီရပ်နားခဲ့ရ။
လောလောဆယ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့စွဲချက်ကို ပယ်ဖျက်ပြီး လဝက ပြစ်မှုတွေနဲ့ ဆက်စစ်ဆေးမယ်ဟုဆို။
ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေက ပြောဆိုစွပ်စွဲချက်တွေကို တစ်ဖက်သတ် စွပ်စွဲရေးသားထားတဲ့ အစီအရင်ခံစာဟုစွပ်စွဲ။
ကော်ဇောနီခင်းပြီး နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုတာမလုပ်ဘဲ ICC အမိန့် လိုက်နာပြီး ဖမ်းဆီးသင့်ဟုဆို။