သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-31
နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် အကျဉ်းထောင်မှာ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသား ၅ ယောက်နဲ့ တရားရင်ဆိုင်ဆဲ နိုင်ငံရေး လှုပ်ရှားသူ အယောက် ၁၃၀ လောက်ပြန်လွတ် လာတယ်လို့ ရန်ကုန်မြို့ အခြေစိုက် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဒီနေ့ပြောလိုက်ပါတယ်။
2013-12-31
ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ကို ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးတဲ့ ခြေလှမ်း တစ်ရပ်အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR၊ ဗြိတိန် အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန နဲ့ လူ့အခွင့်အရေး အဖွဲ့တွေ က ကြိုဆို လိုက်ကြပါတယ်။
2013-12-31
မလေးရှားနိင်ငံ ပီနန်မြို့အနီး ကမ်ပုန်ဆီတောကျေးရွာ ရထားလမ်းဘေးမှာ မြန်မာအမျိုးသမီး နှစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ထားတာကို ရဲတပ်ဖွဲ့က တွေ့ရှိရကြောင်း မလေးရှားနိုင်ငံထုတ် The Star သတင်းစာမှာ ဒီနေ့ ဖေါ်ပြထားပါတယ်။
2013-12-31
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ ဒီကနေ့ လွှတ်ပေးလိုက်တဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီက တင်ပြထားတဲ့ အကျဉ်းသား ငါးဦးပါဝင်တယ်လို့ သိရပါတယ်။
2013-12-31
တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရာမှာ သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ပါမောက္ခတွေနဲ့သာ အဓိက ဦးဆောင်ဖွဲ့စည်း ဖို့ ရေးဆွဲ ထားတဲ့ ပညာရေး ဥပဒေ မူကြမ်းကို တက္ကသိုလ် ဆရာများ အသင်းနဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းတွေက ကန့်ကွက်လိုက်ကြပါတယ်။
2013-12-31
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီ အစည်းအဝေးက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်၊ ပယ်ဖျက်ဖို့ အကြံပြုချက်တွေထဲမှာ နိုင်ငံတော်သမ္မတဖြစ်ခွင့် အရည်အချင်း ကန့်သတ်ချက်လည်း ပါရှိတယ်လို့ သိရပါတယ်။
2013-12-31
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ကျောင်းသားခေါင်းဆောင်တွေက ဒီကနေ့ ကြိုဆိုလိုက်ကြပါတယ်။
2013-12-30
မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ဒီကနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သမ္မတ ဦးသိန်းစိန် က အမိန့်ထုတ်ပြန် လိုက်ပါတယ်။
2013-12-30
လာမယ့် ဇန်နဝါရီလ (၁) ရက်၊ ပြာသိုလဆန်း (၁) ရက်နေ့မှာ ရန်ကုန်မြို့ အင်းစိန်မြို့နယ် အာလိန်ငါးဆင့်ဘုရားနဲ့ အလုံမြို့နယ်တွေမှာ ကျင်းပမယ့် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အခမ်းအနားတွေကို လူအင်အား သောင်းဂဏန်းအထိ တက်ရောက် မယ်လို့ နှစ်သစ်ကူးပွဲ စီစဉ်သူတွေက ပြောပါတယ်။
2013-12-30
လာမယ့် ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းကောက်ယူတဲ့အခါ ဇိုမီး ကို တိုင်းရင်းသား လူမျိုးအဖြစ် အသိအမှတ်ပြုပြီး သန်းခေါင်စာရင်းထဲမှာ ထည့်သွင်းစဉ်းစားပေးဖို့ ဇိုမီး ခေါင်းဆောင်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-12-30
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ၊ လွှတ်တော်နဲ့ တပ်မတော် အကြီးအကဲတွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို ထောက်ခံကြောင်း (FPPS) နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဒီနေ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။
2013-12-30
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုအတွင်း ကျင်းပမယ့် အာဆီယံ လူထုဖိုရမ် အတွက် အကြိုကျင်းပတဲ့ မြန်မာပြည်သူ့ဖိုရမ်ကနေ ရရှိလာတဲ့ အကြံပြုချက်တွေကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ပေးပို့ သွားမယ်လို့ ဆွေးနွေးပွဲ စီစဉ်သူတွေက ဒီကနေ့ ပြောလိုက်ပါတယ်။
2013-12-30
ရှမ်းပြည်နယ်မြို့နယ် အတော်များများမှာ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေက သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ ဒီနေ့ အောင်ပန်းမြို့ မိုးကောင်းကျောင်းတိုက် မှာ တောင်သူတစ်ရာကျော်က သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး တောင်းဆိုကြပါတယ်။
2013-12-30
မြန်မာနိုင်ငံမှာ ၂၀၁၄ လူဦးရေနဲ့ အိမ်အကြောင်း အရာ သန်းခေါင် စာရင်းကောက်ယူရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Holiday Inn ဟော်တယ်မှာ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန ဝန်ကြီး ဦးခင်ရီက ဒီကနေ့ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပခဲ့ပါတယ်။
2013-12-30
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကန်ဘဲ့ကျေးရွာမှာ ဒီနေ့ မနက်အစောပိုင်းက မီးလောင်ခဲ့ရာမှာ အိမ်ခြေ ၂၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ တစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာနက အာအက်ဖ်အေကို ပြောပါတယ်။