သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-31
ဧရာဝတီတိုင်းဒေသကြီး ၊ ဓနုဖြူမြို့နယ် အမှတ် ၁၆ ရပ်ကွက်မှာ မနေ့ညက ဧရာဝတီမြစ်ကမ်းပါး ပြိုကျတာကြောင့် နေအိမ် ၁၁ လုံး မြစ်ထဲမျောပါသွားခဲ့ပြီး အန္တရာယ်ရှိတဲ့ နေအိမ် ၁၃ လုံးကို ဖြိုချခဲ့ရတယ်လို့ ဓနုဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း က ဒီနေ့ ပြောပါတယ်။
2017-12-31
လက်ရှိအစိုးရလက်ထက်မှာ တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်မှု မရှိသေးတဲ့အပြင် လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေဟာ ပိုမိုဆိုးဝါးတဲ့ အကြပ်အတည်းတွေကိုသာ ရင်ဆိုင်နေရတယ်လို့ UNFC ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးထွန်းဇော် က ဒီနေ့ ပြောပါတယ်။
2017-12-31
တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာလက်မှတ်ထိုးမယ့် အဖွဲ့တွေ ရှိလာမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ဒီနေ့ ပြောပါတယ်။
2017-12-31
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်တွေ အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လွိုင်ကော်မြို့မှာ ဦးဆောင်ဆန္ဒပြခဲ့သူ ၅ ယောက်ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတယ် လို့ အမှုဖွင့်ခံထားရသူတစ်ယောက်ဖြစ်တဲ့ ကိုရဲမင်းကျော်က ဒီနေ့ ပြောပါတယ်။
2017-12-31
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင် ၃ ယောက်နဲ့ အရပ်သားတစ်ယောက် သတ်ဖြတ်ခံရတဲ့ ကိစ္စဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေတယ်လို့ KNPP ရဲ့ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ဒီနေ့ ပြောပါတယ်။
2017-12-30
ပဲစားသုံးမှုမြှင့်တင်ပွဲနဲ့ ပဲစားပွဲတော်တွေပြုလုပ်နေတာကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်ခင် ပြန် လည်တောင်းပန်ဖို့နဲ့ တောင်းပန်ဖို့ ပျက်ကွက်ရင် ဥပဒေအရ ဆောင်ရွက်သွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စားသုံးသူကာကွယ်ရေးအသင်းထံ စာပေးပို့လိုက်ပါတယ်။
2017-12-30
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ်က ကမ်းနီးငါးဖမ်းလှေပိုင်ရှင်တွေ နဲ့ လှေလုပ်သား စုစုပေါင်း ၁၀၀ လောက်ဟာ ငါးဖမ်းလိုင်စင် မရှိသေးတဲ့အတွက် ၁၉၉၀ မြန်မာ့ ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေကို မပြင်ရသေးတဲ့ကြားကာလအတွင်း လိုင်စင်မရှိဘဲ ငါးဖမ်းခွင့်ပေးဖို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။
2017-12-30
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်လာဖို့တင်ပြတဲ့ လျှောက် လွှာတွေ ပေးပို့ထားတာ တစ်လကျော် ကြာမြင့်ပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ မြန်မာ အစိုးရထံ ပြန်ပို့လာတာ မရှိသေးဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် ဦးမြင့်ကြိုင်က ဒီနေ့ ပြောပါတယ်။
2017-12-30
ကချင်ပြည်နယ် တနိုင်း-လီဒိုလမ်းပေါ် ဖားကန့်မြို့နယ်အပိုင် ရှဒူးဇွပ်ရွာနဲ့ ၁ မိုင်အကွာမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2017-12-30
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို အစိုးရနဲ့ တပ်မတော် လက်တွဲဖြေရှင်းပြီး ရပ်တန့်စေခဲ့တယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ဒီနေ့ ပြောပါတယ်။
2017-12-29
ထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို မြန်မာအစိုးရ ပြန်လက်ခံတဲ့အခါ ပထမအသုတ်အနေနဲ့ ရိုဟင်ဂျာ ၁ သိန်း ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ဆန္ဒရှိနေတယ်လို့ ပြောလိုက်ပါတယ်။
2017-12-29
အနိမ့်ဆုံး လုပ်ခလစာနှုန်းထားသစ်အဖြစ် တစ်ရက်ကို ၄၈၀၀ နှုန်းသတ်မှတ်ဖို့ ဒီကနေ့ နေပြည်တော်က အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှာ ကျင်းပခဲ့တဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။
2017-12-29
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို မွန်ပြည်သစ်ပါတီက လက်မှတ်ထိုး သွားဖို့အတွက် ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက အတည်ပြု ပြောကြားလိုက်ပါတယ်။
2017-12-29
တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ကို မနေ့ညကနေ ဒီနေ့ ညနေပိုင်းအထိ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်ဦးရေ လေးရာကျော်လောက် ရှိနေပြီလို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကျောက်မဲမြို့ခံ ကိုသားဇော် က ပြောပါတယ်။
2017-12-29
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့ ကယားပြည်နယ်လွိုင်ကော်မြို့က ငြိမ်းချမ်းရေး စကားဝိုင်း ခရီးစဉ်အတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က သီးသန့်တွေ့ ဆုံခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့် တွေ့ဆုံခွင့်မရခဲ့ဘူးလို့ KNPP ဆက်ဆံရေးရုံးတာဝန်ခံ က ပြောပါတယ်။