သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-12-31
ရခိုင်ပြည်နယ် မောင်တောဒေသကိုသွားတဲ့ အစိုးရ ယာဉ်မောင်းဝန်ထမ်း ၁၆ ဦးကို AA ရက္ခိုင့်တပ်တော်က ဒီနေ့ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
2019-12-31
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း မနေ့ညက လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေ ကျရောက်ခဲ့မှုနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့က နှစ်ဖက်အပြန်အလှန် အပြစ်တင်နေကြပါတယ်။
2019-12-30
ဘူးသီးတောင်မြို့နယ်က ဂူတာပြင်ကျေးရွာမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး တပ်မတော် နယ်မြေခံ စစ်ဘက်ဆိုင်ရာ တရားရုံးမှာ စစ်ဆေးနေပြီး တပ်မတော်ဘက်က တရားလို သက်သေတွေနဲ့ အရပ်ဘက်သက်သေတွေကို လာမယ့် ၂၀၂၀ နှစ်ဆန်းပိုင်းမှာ အပြီးစစ်ဆေးမယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
2019-12-30
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေတွေအတွက် ထိုက်သင့်တဲ့ လျော်ကြေးငွေပေးဖို့ ဒေသခံတွေ ဆားလင်းကြီးမြို့မှာ ဒီနေ့ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2019-12-30
ရခိုင်ပြည်နယ် အမ်းမြို့နယ် နှမ်းချောင်းကျေးရွာအနီးမှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် အရှိုချင်းတိုင်းရင်းသား ငါးရာနီးပါးဟာ ဒါးလက်ကျေးရွာအုပ်စု နတ်မော်ကျေးရွာစာသင်ကျောင်းမှာ ခိုလှုံနေကြပြီး စားသောက်ရေးအတွက် အခက်အခဲရှိနေပါတယ်။
2019-12-30
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မြင်းခြံအကျဉ်းထောင်က အကျဉ်းသား ၃၀ ကျော်ဟာ ဒီကနေ့ မနက် ၉ နာရီခွဲခန့်ကနေ ၁၁ နာရီခွဲခန့်ထိ ထောင်တွင်း ဆန္ဒပြခဲ့ကြပါတယ်။
2019-12-30
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံလေးရာကျော်ဟာ စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိနေကြပါတယ်။
2019-12-29
ရက္ခိုင့်တပ်တော် AA ဖမ်းဆီးထိန်းသိမ်းထားတဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်ရေးအတွက် အကူအညီပေးဖို့ ဝ လက်နက်ကိုင်အဖွဲ့ UWSA အဖွဲ့ထံ မိသားစုဝင်တွေက စာပို့အကူအညီတောင်းခံလိုက်ပါတယ်။
2019-12-29
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာမှာ မနေ့ညက လက်နက်ကြီးကျည်ကျလို့ ဒေသခံ သုံးထောင်ကျော်လောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြပါတယ်။
2019-12-28
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဒီနေ့မနက်က မဟာကံကြီးရှင်ဘုရားအနီး တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံ လေးယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ မနေ့ကလည်း မြေပုံမြို့နယ် ကျွဲကူးဆိပ်ကျေးရွာမှာ လက်နက်ကြီးကျလို့ ဒေသခံ ခြောက်ယောက် ဒဏ်ရာရခဲ့ပါတယ်။
2019-12-27
ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ သူတို့နိုင်ငံမှာ လာရောက်ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် ကန့်သတ်ထိန်းချုပ်မှုတွေ ပိုမိုလုပ်ဆောင်နေတာကို ရပ်ဆိုင်းဖို့ ICG နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့က ဒီဇင်ဘာလ ၂၇ ရက်နေ့စွဲနဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2019-12-27
၂ဝ၁၉ အတွင်း အာရှတလွှားပြောင်းလဲမှုကိုစေ့ဆော်တဲ့ လူငယ် ငါးယောက်ဆိုပြီး CNN သတင်းဌာနက မနေ့ကထုတ်ပြန်လိုက်တဲ့အထဲမှာ မြန်မာနိုင်ငံသား လူငယ်တယောက် လည်း ပါဝင်ခဲ့ပါတယ်။
2019-12-27
ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရို မာရုယာမ Ichiro Maruyama က ၂၀၀၉ -၂၀၁၀ ဝန်းကျင်က ဖွဲ့စည်းလိုက်တဲ့ ရက္ခိုင့်တပ်တော် AA အဖွဲ့ ဘာလို့အင်အားကြီးထွား လာသလဲဆိုတဲ့ မေခွန်း သူ့မှာရှိကြောင်း RFA နဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ ပြောဆိုလိုက် ပါတယ်။
2019-12-27
နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာက ရာအိမ်မှူး ကိုမိုးလင်းကို ဒီကနေ့ ပုသိမ်ကြီးမြို့နယ် တရားရုံးက အလုပ်နဲ့ထောင်ဒဏ် တစ်နှစ် အမိန့်ချမှတ် လိုက်ပါတယ်။
2019-12-27
NLD ပါတီက တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့၊ ထိတွေ့ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။