ဂျပန် ငလျင်မျိုး မြန်မာနိုင်ငံမှာ လှုပ်ဖွယ်မရှိကြောင်း ဘူမိပညာရှင်ပြောကြား

ဂျပန်နိုင်ငံမှာ လှုပ်သွားတဲ့ ငလျင်ကြောင့် နောက်ဆက်တွဲ အပျက်အစီးနဲ့ အသေအပျောက် စာရင်းတွေဟာ တနေ့ထက် တနေ့ များများလာတာ တွေ့ရပြီး မတ်လ ၁၅ ရက် ဒီနေ့ဆိုရင် သေဆုံးသူပေါင်း ၃,၄၀၀ ကျော်သွားပြီလို့ တရားဝင်စာရင်းတွေက ဆိုပါတယ်။

0:00 / 0:00

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က ကျွမ်းကျင်သူ ပညာရှင်တွေကို မေးကြည့်တဲ့အခါ ဂျပန်မှာ လှုပ်သွားတဲ့ ငလျင်မျိုး မြန်မာနိုင်ငံမှာ လှုပ်ဖို့ အခြေအနေ သိပ်မရှိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ငလျင်တွေဟာ ကုန်းတွင်းပိုင်း ပြတ်ရွေ့ကြောတွေနဲ့ ဆက်စပ်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့က ဘူမိသိပ္ပံအသင်း ဥက္ကဋ္ဌ ဒေါက်တာ ဦးဝင်းဆွေကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်